Page 1

243 30 2
                                    

သာယာတဲ့မနက်ခင်းလေးတခုမှာ
ဘေးအိမ်ကိုရွှေ့လာတဲ့ အိမ်နီးချင်းအသစ်လေးကို ငေးကြည့်ပြီး ပြုံးနေရင်း
တဖက်ကလည်း အပြန်အလှန်ပြုံးပြ၊
ပြောင်းလာတဲ့အိမ်နီးချင်းလေးက
နောက်မနက်မှာ ဆန်ကိတ်ကလေးတွေလာပို့၊
မနက်နဲ့ညနေတိုင်း တဖက်ခြံနဲ့ အပြန်အလှန်နှုတ်ဆက်၊
နှစ်ဦးသားအလွန်အမင်းရင်းနှီးသွားကြ..
အဲ့လို ဇာတ်လမ်းလေးတွေလား..
Park Gunwook ဆီမှာ မရှိတာ သေချာပါတယ်။

----------

ဒီနေ့ တနင်္ဂနွေ။
ညနေစောင်းရင် အဖေနယ်ပြန်ရာကနေ ပြန်ရောက်မယ်ဆိုပြီး ဖုန်းဆက်လာလို့ mangaတအုပ်ထိုင်ဖတ်နေရာကနေ ထလိုက်ရတယ်။

ပြီးခဲ့တဲ့ နှစ်ရက်လောက်က နယ်ကပွဲရုံတွေကို အခြေအနေသွားကြီးကြပ်ပေးပြီး ဒီနေ့ပြန်လာမှာဆိုတော့ သေချာပေါက် ပင်ပန်းပြီးမောနေမှာပေါ့။ ပါ့ခ်ဂွန်းဝုက အလိုက်အသိပါတယ်။ အိမ်နောက်ဖေးမှာ တံမြက်စည်းနဲ့ ဂေါ်ပြားသွားယူတယ်။

တထပ်တိုက်သေးသေးလေးမှာ သန့်ရှင်းရေးလုပ်နေရတာ ပေါ့ပေါ့ပါးပါးပါပဲ။ ရှေ့ဧည့်ခန်း၊ အဖေ့အိပ်ခန်းနဲ့ သူ့အိပ်ခန်းတင်မကဘဲ အခန်းလွတ်နဲ့ မီးဖိုဆောင်အထိပါ သန့်ရှင်းပြီးတာကိုကြည့်ပြီး စိတ်ချမ်းသာသွားတယ်။

"ကဲ !! .. ခြံထဲသွားရှင်းကြမယ် ဂွန်းဝုရေ.."

အိမ်ရှေ့ထွက်ပြီးတဲ့နောက် ခြံထောင့်မှာထောင်ထားတဲ့တံမြက်စည်းကြမ်းကို သွားဆွဲယူလိုက်ပြီး သစ်ရွက်ခြောက်တွေကို စလှည်းရတော့တာပဲ။ နွေပေါက်ခါနီးမို့ထင်ပါတယ်။ သစ်ရွက်တွေက အလိုက်မသိ၊ အားတိုင်းကြွေလာတာပဲ။ တရှဲရှဲနဲ့လှည်းစုနေရင်း ရုတ်တရက်အသံဆူဆူကြားရလို့ လှမ်းကြည့်တော့..
ဟုတ်တယ်၊ မင်းတို့ထင်တဲ့အတိုင်းပဲ။
ဘေးအိမ်ကို လူသစ်ရောက်လာတာ။

ဒါပေမဲ့ ထူးဆန်းတယ်။ မြို့ပေါ်မှာဝန်ဆောင်မှုပေးနေတဲ့ ဗင်ကားလို ကားတစီးပေါ်ကနေ ပစ္စည်းတွေကို တယောက်တည်းသယ်ဆင်းလာတာ။

လူကောင်သေးသေးနဲ့ အတော် အသက်ငယ်ပုံပေါ်တဲ့ကောင်လေးတယောက်ကို ပစ္စည်းတွေလေးလေးလံလံသယ်နေတာမြင်တော့ ပရဟိတစိတ်ကလေးဝင်လာတယ်။ ဒါကြောင့် တံမြက်စည်းကို မြေပြင်ပေါ် အသာပစ်ချပြီး ပါ့ခ်ဂွန်းဝုတယောက် ကိုယ့်လက်ကိုယ်ခါလို့ နှစ်အိမ်ကြားခြံစည်းရိုးနားကို သွားရပ်လိုက်ပါတယ်။

IF YOU ARE SURE, I WILL!Where stories live. Discover now