"ဟိတ် .. မက်သရူး"
မက်သရူးတယောက် သက်ပြင်းချလိုက်တယ်။
ကြုံရင်ကြုံသလို အော်ကြီးဟစ်ကျယ်နဲ့၊ မယဉ်မကျေးဖြစ်စွာနဲ့ နေရာဒေသအမျိုးမျိုးကနေ သူ့နာမည်ခေါ်သံကို ကြားနေရတော့တာပါပဲ။ ဒီတခါရော ဘယ်နားကနေအော်နေတာဖြစ်မလဲ။အဲဒီ လူကောင်ထွားထွားအထက်တန်းကျောင်းသားဆီက သူ့နာမည်ခေါ်သံကြားရင် အလိုမကျတဲ့မျက်နှာပေးမျိုး ဖြစ်ဖြစ်လာမိတာကို မက်သရူးအကျင့်တခုလိုဖြစ်နေတယ်။ ဘာရယ်လည်းမဟုတ်ပါဘူး။ မြီးကောင်ပေါက်တွေက အာရုံနောက်စေတာတော့အမှန်ပဲ။ မက်သရူးက သူ့ထက်အသက်ကြီးတာကို သူမသိတာလား၊ သိတာလား၊ တခုခုပါပဲ။ မပြောတတ်ဘူး။
တည်လက်စ curryအိုးထဲ ဇွန်းစိုက်ပြီးတော့ အိမ်အပြင်ကို ခဏထွက်လိုက်ရင်း တဖက်ခြံကို စွေကြည့်လိုက်သေးတယ်။ မရှိဘူး။ ခေါင်းကိုတည့်တည့်လည်ကြည့်လိုက်တော့မှ ခြံရှေ့မှာ ရှိနေတာပဲ။
ဟိုဖက်အိမ်က အထက်တန်းကျောင်းသားက သူ့ရင်ဟိုက်လောက်သာမြင့်တဲ့ မက်သရူးရဲ့ခြံရှေ့တံခါးရှေ့မှာ ပန်းကန်တလုံးကိုင်ပြီး ထိုးထိုးထောင်ထောင်အရပ်အမောင်းနဲ့ ရပ်စောင့်နေပါတယ်။
"ဘာလဲ"
"အိမ်သစ်ပြောင်းလာတဲ့ ဒီကညီလေးအတွက် ဆန်ကိတ်လာပို့တာပါ.. ကျွန်တော်က ဟိုဖက်ဘေးအိမ်က ပါ့ခ်ဂွန်းဝုပါ .. တွေ့ရတာဝမ်းသာပါတယ်"
လာပြန်ပြီ .. ဘာအကွက်လဲ ဒါ။
မက်သရူး သက်ပြင်းချလိုက်ပါတယ်။ ဆန်ကိတ်လာပေးချင်တာများ နှစ်ခြံကြားစည်းရိုးကနေပေးရင်လည်း အေးဆေးလှမ်းယူလို့ရပါတယ်။ သေချာပေါက် ခြံရှေ့ကြီးမှာ လာပေးဖို့အထိက လိုလို့လား။စကားရှည်ရှည်မပြောချင်တော့တဲ့မက်သရူးက ဆံပင်တွေကိုထိုးဖွပစ်ပြီး ပါ့ခ်ဂွန်းဝုမြှောက်ပြတဲ့ဆန်မုန့်ကန်ပန်းကန်ကိုလှမ်းအယူ၊ သကောင့်သားလေးကတင်တင်စီးစီးနဲ့ပဲ ပန်းကန်ကို လွှတ်မပေးဘဲ သူ့ဖက်ခြမ်းကနေလှမ်းဆွဲထားတယ်။
"ပန်းကန်လိုက်လှယ်ချင်တာမလို့ .. အိမ်ထဲခေါ်ပါဦး" တဲ့။
-------
![](https://img.wattpad.com/cover/361145825-288-k6635.jpg)
YOU ARE READING
IF YOU ARE SURE, I WILL!
Short Storyသူငယ်ချင်းအတွက် GunThew တပုဒ်လောက် surpriseလုပ်ပေးချင်ပြီး ရေးထားတာမလို့ ဒီ fanficက မြခက်ဆိုတဲ့ ကလောင်နာမည်အောက်မှာ မရှိပါဘူး။ ဒီအတိုင်း နာမည်Anny ပါ။ နှင်းဆီမတွေတော့ လမ်းကြုံလို့ ဝင်ဖတ်ချင်ရင်လည်း ရပါတယ်။