part 7

164 15 8
                                    

jhopeသူ့ရဲ့ပန်းကိုဘဲကြည့်နေတာကြောင့် သူ့ပန်းလေးကိုပိုပြီးဖွက်လိုက်သည်

Taehyung တယောက်ကျစ်သပ်ကာ

"ဟိုမှာ ခင်များကျောင်းသားတေခေါ်နေတယ်"

"ဟမ်"

Taehyung သူ့ပေါက်စကို အာရုံလွှဲကာ လက်ထဲကပန်းတေကို ဇက်ခနဲဆွဲလုလိုက်သည် နှင်းဆီပန်းက ထူထူစည်းထားတာမို့ သူ့ပေါက်စလက်ထိခိုက်ရမျာကိုမပူရပေ

"မင်းငါ့ပန်းတေ....... ဟင့်"

Jhope ပြောရင်းမျက်ရည်လေးတေဝေ့သီလာခဲ့သည် သူ့ပန်းလေးတေ ဒီအမှိုက်လိုကောင်ကတော့

ပြောတာတောင်သူ့ကိုမျက်ခုံးပင့်ပြီးကြည့်လာတဲ့သူကြောင့် သူလစ်ထွက်မို့လုပ်လိုက်သည် ဒီလိုအမှိုက်ကောင်နဲ့မတွေ့ချင်တော့ဘူး

"အဲ့ဒါဘယ်ကိုလဲ"

"ဘယ်သွားသွားပေါ့"

"ဟက်!! ပေါက်စကျွန်တော့ကိုမပြောဘဲဆက်သွားကြည့် ဒီနေရာမှာတင် ဖတ်နမ်းလိုက်မယ်"

"မင်း....မင်းဘယ်လိုတေဖြစ်နေတာလဲ ငါ့ကိုမနှောက်ယှက်စမ်းနဲ့"

Jhope တကယ်လဲရပ်လိုက်ရသည် သူသိတယ်လေ အမှိုက်လိုကောင်က သူပြောရင် ပြောသလိုတကယ်လုပ်မယ်ဆိုတာ

Jhope ပြောရင်းသူ့မျက်နှာတေပူလာပြီး ပါးလေးတေရဲခနဲဖြစ်သွားသည် ဒီအရှက်မရှိတဲ့ကောင်ကတော့

"ကျွန်တော့မှာနာမည်ရှိတယ် မင်း လို့မခေါ်နဲ့လေဗျာ ဝမ်းနည်းရအောင်လို့"

jhope သူ့ရှေ့ကသူကပြောရင်းငိုမဲ့မဲ့ဖြစ်လာတာကြောင့် ပြာယာခက်သွားမိသည် သူကကျောင်းဆရာဆိုတော့ သူ့ကျောင်းသားလေးတေငိုရင်တောင်မနေတက်တာအမှန် သူ့ရှေ့ကအမှိုက်လိုကောင်ကိုလဲ သူ့ကျောင်းသားလေးလိုထင်မြင်မိတာကြောင့်လဲပါတာပေါ့

"ငါ....ငါတောင်းပန်ပါတယ် မငိုပါနဲ့နော် ဘယ်လိုခေါ်ရမလဲပြောလေ"

Taehyung တယောက်သူ့ပေါက်စကိုကြည့်ပြီး နှုတ်ခမ်းတွန့်ရုံပြုံးလိုက်မိသည် ဒါပေါ့အဲ့ဒါကခဏတာပါဘဲ

"ကျွန်တော့ကို မောင်လို့ခေါ်"

"ဘာ!! မင်း..မင်း"

Secretary Jeon 🍒Where stories live. Discover now