အိမ်တံခါးမကြီးကို ခေါက်လိုက်သည့်အခါ
အမျိုးသမီးတစ်ဦး တံခါးလာဖွင့်ပေးလေသည်။ဘယ်သူလဲ..မသိဘူး....
မိန်း၏မိခင်ဒေါ်မေမြတ်မွန်က အမေးစကား
မေးလိုက်သည်နှင့် ထွန်းကိုကကျနော်တို့က မိန်းဆီကိုလာတာပါ..ဆေးဆိုင်ကို အရင်သွားခဲ့ပေမဲ့ သူမရှိဘူးပြောလို့။ဒီကို
လိုက်ခဲ့ကြတာပါ။ဪ..မိန်းက..ခုနလေးတင်ပဲ သူ့ customer နဲ့ အပြင်ထွက်သွားတယ်။
ဪ....ဟုတ်ကဲ့...ကျေးဇူးပါပဲနော်။
မိန်းဆိုသည့် ကောင်မလေးနှင့်ဆုံတွေ့ရမည့်ကံတရားကလည်း လွယ်သယောင်နဲ့ခက်ခဲလိုက်တာ။
သခင်..အဲ့ဒါဆိုရင် ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ။
ဆေးဆိုင်မှာ အရောင်းရဆုံးဖြစ်တဲ့ ဆေးဝါးတွေကို ဗူးအရေအတွက်များများ၀ယ်လိုက်ပြီးတော့ ငါအရင်နေခဲ့တဲ့ အိမ်ကြီးဆီကို
လူကိုယ်တိုင်လာပို့ခိုင်းလိုက်ပါ။အိမ်ကိုတော့
အတိအကျမပြောပြနဲ့...ငွေကိုတော့ အကျေချေခဲ့လိုက်။ဟုတ်ကဲ့.....
......................................................................
ရှုပ်ထွေးပွေလီလွန်းတဲ့ ဈေးချိုဈေးလမ်းမကြီးပေါ်မှာ မိန်းနှင့်တောင်ပေါ်မြို့ restaurantပိုင်ရှင်သူဌေးလေး ကိုးလ်တို့
နှစ်ယောက် အတူယှဉ်တွဲလမ်းလျှောက်ကာ
ဈေးပတ်၀ယ်နေကြလေသည်။ကြိမ်ခြင်းတောင်းလေးကို ကိုးလ်က ကိုင်ပေးထားပြီး
မိန်းကတော့ ဆိုင်အတွင်းမှာ လိုချင်သည့်
ပစ္စည်းများကို ဈေးချိုချိုနှင့်ရအောင် မရမက ဈေးဆစ်နေလေသည်။သူတို့နှစ်ဦးသား ပုံစံကိုကြည့်ရတာ ညားခါစဇနီးမောင်နှံတွေလို့ ထင်ရနိုင်ချေရှိနေသည်။
YOU ARE READING
အမှောင်ယံညရဲ့ ဆာလောင်မှု့
Werewolfမင်းက ကိုယ့်အတွက် အားနည်းချက်ဖြစ်တဲ့အတွက် ကိုယ်မင်းကိုအလိုအပ်ဆုံးဆိုပေမဲ့.. ကိုယ်က မင်းကို ဘယ်တော့မှ ရွေးချယ်မှာမဟုတ်ဘူး။မင်းပြောနေတဲ့စကားသံတွေကို ကိုယ်ကြားနေရတာတောင် ကိုယ်က ငိုကြွေးနေရုံပဲ တတ်နိုင်တယ်..ကလေးရယ်....။ ကမ္ဘာပေါ်မှာ ရှိသမျှ မိန်းကလေးတွေ...