3

120 12 2
                                    

လွန်ခဲ့တဲ့7နှစ်တုံးက အာဏာအကြီးဆုံးလုပ်ငန်းရှင်တွေတစ်စုတစ်စည်းတည်းဖြစ်ခဲ့တဲ့အချိန်......စီးပွားရေးနဲ့ ဘဏ္ဍာရေးမှာအင်အားအကြီးဆုံးလုပ်ငန်းရှင်တွေဖြစ်ကြသောLee Familyနဲ့Sim Family ပြီးတော့သူတို့ရဲ့အကောင်းဆုံးမိတ်ဆွေပေါင်းဖက်များမှာ Kim Family,Park Family နဲ့Yang Family တို့ဖြစ်သည်။

မိသားစုတွေအချင်းချင်းကရင်းနှီးကြပေမဲ့ Lee Family နဲ့ Sim Familyတို့ကအရင်းနှီး ဆုံးဖြစ်ကြသည်။တစ်ဖက်မိသားစုနဲ့တစ်ဖက်တွင်သဘောတူညီမှုများရှိကြသည်။အဲ့သ‌ဘောတူညီထဲကတစ်ခုမှာသူတို့၏သားသမီးများကြီးလာလျှင်အချင်းချင်းပေးစားမည်ဟုသဘောတူခဲ့ကြသည်။

                               
                          ๑•.°• *.•°.•๑
                                      

လီဟီဆွန်းLee family ရဲ့အကြီးဆုံးသားဖြစ်ပြီးသူ့အဖေရဲ့ကုမ္ပဏီကိုတစ်နေ့ဦးဆောင်မဲ့သူဖြစ်သည်။ပြီးတော့သူ့ထက်1နှစ်ငယ်သောသူရဲ့ညီမလီဟယ်‌ယောင်းကုမ္ပဏီရဲ့ဦးဆောင်သူ သူ့အကိုမဖြစ်လာလျှင် သူကဦးဆောင်ရမည်။

ရှင်းမ်ဂျယ်ယွန်းSim Family ရဲ့သားအကြီးဆုံးဖြစ်ပြီး သူ့အဖေခြေရာကိုလိုက်နင်းရမဲ့သူဖြစ်သည်။ဂျယ်ယွန်းထက်1နှစ်ငယ်သောညီမလေးရှင်းမ်ဂျူအွန်းသူ့အဖေခြေရာကိုလိုက်မနင်းချင်တဲ့သူဖြစ်သည်။

Kim Family ရဲ့ပထမဆုံးသမီးဖြစ်သူကင်မ်ဂျီဆူးမောင်နှမတွေကိုဂရုအစိုက်ဆုံးသူဖြစ်သည်။ကင်မ်ဂျန်းနီ Kim Family ရဲ့ဒုတိယသမီးဖြစ်ပြီးမောင်နှမတွေထဲမှာအရင့်ကျက်ဆုံးဖြစ်သည်။ကင်မ်ဆောနူ Kim Family ရဲ့တတိယမြောက်ဆုံးသားဖြစ်ပြီးအိမ်တော်ရဲ့အချစ်တော်နှင့်မင်းသားလေးဆိုလည်းမမှား။ကင်မ်ဆူယောင်း Kim Family ရဲ့အငယ်ဆုံးသမီးလေးဖြစ်သောကြောင့်သူကိုသူ့၏အကိုနှင့်အမများကလွဲ၍အိမ်တော်တစ်ခုလုံးကသူ့ကိုလွတ်ပေးထားကြသည်။

ပတ််ခ်ဂျေး Park Family ရဲ့ပထမဆုံးသားဖြစ်ပြီးသူရဲ့ရည်မှန်းချက်ကသူအဖေခြေရာကိုလိုက်နင်းဖို့ထက်
ကိုယ့်ဘာသာကိုအားကိုးဖို့ပဲသတ်မှတ်ထားပါသည်။ပတ်ခ်ဆောင်းဟွန်း Park Family ရဲ့ဒုတိယသားဖြစ်ပြီးသူ့အ‌ဖေ ၏ ကုမ္ပဏီကိုတစ်နေ့ဦးဆောင်ရမည့်သူဖြစ်သည်။ဂျေးကသူငယ်ငယ်ကတည်းကကုမ္ပဏီကိုမယူဘူးလို့သူ့အ‌ဖေကိုဖွင့်ချခဲ့သည်။ဆောင်းဟွန်းမှာရွေးချယ်စရာမရှိဘဲသူ၏ရည်မှန်းချက်ကိုလက်လွတ်လိုက်ပြီးစာမှာပဲအာရုံစိုက်ခဲ့ရသည်။

The Past You And Me | HEEJAKEWhere stories live. Discover now