Part 5

235 10 0
                                    

Other side
(အခြား တစ်ဖက်)
အပိုင်း 5

သင်တန်း ပြီး လို့ ပြန်မည်အပြု သည်းထန်စွာ ရွာသွန်း လိုက်သည့် မိုး ကြောင့် လင်းလွန်း စိတ် ညစ်သွားသည်။

ထီးမေ့ ကျန်ခဲ့ သည့် ကိုယ့်ကိုကိုယ် လည်း စိတ်ထဲ က အပြစ်တင် ကျိန်ဆဲ မိ သွားသည်။

အခု တော့ ပေါ့လျော့ လိုက်မိတာ စိန်ဆိုင် အတွက် indoors shooting တစ်ခု နောက်ကျ ပေးတော့မည်။

ထို အချိန်မှာ ပင် လင်းလွန်း နဘေး ဆီသို့ အရိပ် တစ်ခု ကျ ရောက်လာပါသည်။

ကြည့်လိုက်တော့ လင်းလွန်း ကိုယ်ပေါ် ထီမိုး ကာ ပေးလာသည့် သွေး ဆိုသောလူ။

"ငယ်... ကျွန်တော့် ထီး ယူသွား ပါ "

"အို...နေပါစေ"

"ယူသွားပါ ငယ်ရယ်၊ ကျွန်တော် ဒီ အတွက် ဘာ အခွင့်အရေး မှ မယူပါဘူး"

သူ့ စကား နဲ့ သူ့ အကြည့် တွေ အတွက် လင်းလွန်း စိတ်မကောင်းစွာ ဘာ ပြောရမှန်း မသိ။

သို့သော် shooting ကိုလည်း နောက်မကျ ချင်တာကြောင့် အပေါ် နှုတ်ခမ်း ကို တစ်ချက် ကိုက်လိုက်ရင်း

"ရှင်ကရော...ဘယ်လို ပြန် ..."

သူက ဝမ်းနည်းစိတ် ဖြင့် ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး လင်းလွန်း စကား မဆုံးသေးခင်မှာပင်..

"ကျွန်တော် ငယ်နဲ့အတူ လိုက် ဆောင်း မှာ ဆိုးလို့ လား ငယ်... စိတ်ချပါ ငယ်ရယ်၊ ကျွန်တော် လိုက်မဆောင်း ပါဘူး"

ပြီးရင်တော့ လင်းလွန်း လက်ထဲ ထီး ကို အတင်း ထိုးပေးခဲ့ပြီး လင်းလွန်း ဘာမှ မပြော ရ သေးခင် မှာ မိုးရေ ထဲ တိုးဝင် သွား ခဲ့ လေပြီ။

လင်းလွန်း လည်း ခပ်ဝေးဝေး ထိ တစ်ကိုယ်လုံး တုပ်တုပ်စို နေသော သူ့ ကို ငေး ကြည့်နေမိ လေသည်။ ရင်ထဲ မှာ စိတ်မကောင်း လည်း ဖြစ်မိသည်။

သူ ဒီလောက် စိုရွဲ နေတာ၊ ဘယ် လို များ ကား စီး ပါမည်နည်း၊

ထိုသို့ သူ့ အတွက် စိတ်မကောင်းစွာ ဖြင့် အလုပ်လုပ် နေ ရသည် မှာလည်း စိတ် မဖြောင့် နိုင်။

ဒီလို နှင့် အိမ်ပြန်ရောက် လျှင် တော့ ဒေါ်လေးငယ် က တဗျစ်တောက်တောက် နှင့် ဆူ တော့သည်။

Other side(အခြား တစ်ဖက်)Where stories live. Discover now