♥9♥

1.2K 41 2
                                    

Part-9

"သားပေါက်စ မောနင်း"

"မောနင်း ဖေဖေနဲ့မေမေ"

"သားကောင်းကောင်းအိပ်ပျော်လားညက"

"အိပ်ပျော်တယ်မေမေ အိပ်မက်တောင် မက်ချိန်မရဘူး
အိပ်ပျော်သွားတာ အစောကြီး"

"သား"

သွန်းငယ် မေမေလုပ်ပေးသည့် ကြက်ဥပူတင်းအားစားနေတုန်း ဖေဖေကခေါ်သည်။

"ဟုတ် ဖေဖေ"

"သားဖိုးဖိုးနဲ့ဖွားဖွားကို သတိမရဘူးလား"

"သတိရတာပေါ့ ဖေဖေရဲ့
နောက်ရက်ကျ မေမေနဲ့ ဖိုးကုမ္မဏီသွားရအုံးမယ်"

"ဒီနေ့သွားမလား ဖေဖေလိုက်ပို့မယ်လေ"

"ဒီနေ့တော့ မသွားသေးပါဘူး
ဖိုးလဲအားချင်မှအားမှာ
ဖိုးနားရက်မှ သွားကြမယ်လေ အိမ်သွားမယ် ဖွားနဲ့လဲတွေ့ရအောင်"

သားစကားကြောင့် မာယာခင်နဲ့ကိုမင်းထွဋ်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။

"သားဒီနေ့ဘာလုပ်စရာရှိလဲ
မရှိရင် ဖေဖေနဲ့ဆေးရုံလိုက်ခဲ့မလား"

"ဆေးရုံ... လိုက်တော့လိုက်ချင်တယ်
သားအဝတ်စားတွေ ဘီဒိုထဲပြန်ထည့်ရအုံးမှာ
မအားသေးဘူးဖေဖေ"

"သားလိုက်ချင်တာ လိုက်သွားလေကွယ်
အဝတ်တွေ မေမေထည့်ထားပေးမှာပေါ့"

"တော်ပါပြီ နောက်ရက်မှလိုက်မယ်
မေမေနဲ့လဲနေချင်သေးတယ်
မေမေတစ်ယောက်ထဲဆို ပင်ပန်းမှာ သားပါကူပေးမယ်"

"အင်း အဲ့ဒါဆိုလဲ နောက်ရက်ပေါ့
ဖေဖေလဲနောက်ကျနေပြီ သားမလိုက်ဘူးဆိုသွားတော့မယ်"

"ဟုတ် ဖေဖေ"

"သား အိမ်မှာပဲနေနော် ဘယ်မှမသွားနဲ့
မေမေတစ်ယောက်ထဲ မူးလဲတာတွေဘာတွေဖြစ်မှာစိုးလို့"

"မူးလဲတာ ……မေမေ နေမကောင်းဘူးလား"

"ကောင်းတယ်သား
ဟိုတလောက မေမေနည်းနည်းဖျားထားတော့ သားဖေဖေကစိတ်ပူလို့ပါ"

"ဟုတ် စိတ်ချဖေဖေ သားမေမေ့ကိုဂရုစိုက်လိုက်မယ်
သားဘယ်မှာလဲမသွားဘူး အာ……ဦးအိမ်ကိုတော့ ခဏသွားမယ်"

💙မချစ်ရင်💙 CompletedWhere stories live. Discover now