part 11 uni+ zawgyi

7.7K 38 0
                                    

အသွေးအသားထက်ပိုသော
သို့
ခယ်မ
အခန်း ၁၁
စီတန်းထားတဲ့ ကားတွေက တကယ့်အကောင်းစားတွေ ။

ရွှေတေး က ကားတွေကို နည်းနည်း စိတ်ဝင်စားတော့
google တို့

အင်တာနက် တို့ပေါ်ကနေ ပုံလေးတွေ save ဖြစ်တယ် ။ ခုတော့ သူမ save ထားတဲ့ ကားတွေထက်ကို

မိတဲ့ မိုက်တဲ့ လန်းတဲ့ ကားတွေက အစီအရီ ။

အခမ်းအနားကလည်း တကယ့်ဒိတ်ဒိတ်ကြဲ

သူဌေးတွေ တက်တဲ့ အခမ်းအနားကြီးလေ ။

စီးပွားရေး ဝန်ကြီး တက်ရောက်သည့် ပွဲ မှာ နိုင်ငံတကာ လုပ်ငန်းရှင်တွေကလည်း လာရောက်ကြသည် ။

ဖိုးဖိုး ဦးအောင်ဇော် က ကျန်းမာရေး အခြေအနေကြောင့် နားလိုက်ရတဲ့ အချိန်မှာ

ဒီပွဲကို သူတို့ လုပ်ငန်းစုအနေနဲ့ စျာန်က ဦးဆောင်

တက်ရသည် ။ သူတို့ အဖွဲ့မှာ ၅ယောက် ဖြစ်ပြီး ရွှေတေးက ကန့်လန့် ပါလာပြန်သည် ။

အမှန်က ရွှေတေး ဒီပွဲကို တက်ဖို့

အတွေ့အကြုံ လည်း မရှိသလို ဘာလုပ်ရမှန်းလည်း

မသိ။ မမကလည်း သူ့ဆိုင် ကို ချဲ့ဖို့

ကုန်တိုက်ဆောက်နေတာကို ကြီးကြပ်နေတာမို့ မလိုက်။ အစကတည်းက

မမ က သူ့ဆိုင်ကိုပဲ ချဲ့ထွင်ဖို့ စဥ်းစားထားတာ မို့ ရွှေတေးလို တာဝန်တွေ မရှိ။

ရွှေတေး က မလိုက်ချင်ကြောင်း သွားငြင်းတော့ ထိုလူက မရ ။

( ဒီလို ပွဲမျိုး တက်ဖို့ က လွယ်လွယ်နဲ့ တက်ရတဲ့ ပွဲလို့ မင်း ထင်မနေနဲ့ ။ အတွေ့အကြုံ ဆိုတာ ရတုန်း ယူထားရတာ )

( ရွှေတေး မှ ဘာမှ မလုပ်တတ်တာ ။ )

( မလုပ်တတ်လည်း မင်းဘေးနားက ကူမဲ့သူတွေ ရှိနေမမှာ ။ ဒီတော့ ငြင်းလို့ မရဘူး )

မတတ်နိုင်။ ငြင်းလို့မရတော့ လိုက်ရုံပေါ့ ။

ရွှေတေးလည်း လုပ်ငန်းခွင်တွေထဲမှာ နည်းနည်း အသားကျလာသလို ပင် ။

အသွေးအသားထက် ပိုသော ( သို့ ) ခယ်မ Onde as histórias ganham vida. Descobre agora