( 27 ) U / Z

15.4K 743 63
                                    

U~

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်......။

" Yayy....အတန်းပြီးပြီကွ "

'မြူငယ်' ကမတ်တပ်ထရပ်ကာ စာအုပ်‌တွေသိမ်းရင်းပြောလာခြင်းဖြစ်သည်။

" 'ခမ်း' ငါအသင်းဘက်သွားဦးမှာမလို့
'လွမ်း' ကိုခေါ်သွားပေးဦး "

" အင်း မင်းလည်းစောစောပြန်ဦး "

" Ok ငါသွားပြီ "

'မြူငယ်' ကအကုန်လုံးကို နှုတ်ဆက်ကာ နေရာကထသွားတော့ 'လွမ်း' မတ်တပ်ထရပ်လိုက်ကာ
တစ်ခုခုကို အကြိတ်အနယ်စဉ်းစားနေသည့်ဟန်၊
ထို့နောက် လူကယိုင်ခနဲဖြစ်သွားကာ စားပွဲကိုလက်လှမ်းထောက်လိုက်ရင်း...

" အာ့! "

" 'လွမ်း' အဆင်ပြေရဲ့လား "

'လွမ်း' ၏ပုံစံကြောင့် 'ရာစု' ကနေရာမှ အလျင်အမြန်ထကာ မေးတော့ အတန်းထဲက
လူများ‌ပင် ရုတ်ရုတ်သဲသဲဖြစ်ကာ 'လွမ်း' အနား
ရောက်သွားကြသဖြင့် အပေါက်ဝရောက်
နေသည့် 'မြူငယ်' ပင် ကြောင်သွားကာ
လှည့်ကြည့်လိုက်တော့ 'လွမ်း' ၏ပုံစံကြောင့်
'လွမ်း' အနားကို အမြန်ပြေးသွားမိသည်။

" 'လွမ်း' ဘာဖြစ်တာလည်း "

'မြူငယ်' ကအနားသို့သွားကာ 'လွမ်း' နှင့်မျက်နှာချင်းဆိုင်တွင် ဝင်ရပ်လိုက်တော့ 'လွမ်း' က 'မြူငယ်' ၏ပုခုံးပေါ် နဖူးလေးတင်လာသဖြင့် 'မြူငယ်' 'လွမ်း' ၏လက်မောင်းတို့မှ ဆုပ်ကိုင်ကာထိန်းထားပေးရသည်။

" ခေါင်းကိုက်တယ်.. "

" အရမ်းကိုက်နေလား ကျောင်းဆေးခန်းသွား
မလား "

" ဟင့်အင်း.. အိမ်ပြန်ချင်တယ် "

" အင်း.. အင်း ပြန်ကြမယ်
ငါ့ကိုမှီ ထားလိုက် 'ရာစု' ငါ့ကို
'လွမ်း' ရဲ့လွယ်အိတ်ပေး "

'ရာစု' ကကမ်းပေးလာတော့ 'မြူငယ်' က 'လွမ်း' ၏လွယ်အိတ်ကိုပါ လွယ်လိုက်ကာ 'လွမ်း' ၏ လက်ကို ပုခုံးပေါ်တင်စေ၍ တစ်ဖက်က
ခါးကိုဖက်ရင်း တွဲကူကာ အတန်းပြင်ကိုထွက်သွားသည်။ အဖြစ်အပျက်တစ်ခုလုံးကို
ထိုင်ကြည့်နေသည့် 'ခမ်း' ကပြုံးစိစိနှင့် ဖြစ်နေသဖြင့် 'ရာစု' ကလွယ်အိတ်လွယ်ရင်း..

You're My Beloved ( COMPLETE )Where stories live. Discover now