(One Night Stand)

1.2K 99 27
                                    


Zawgi

ဆွန်းဂန်းအီ မြို့တော်ကြီးအတွင်းဝင်ရောက်လာသောမြင်းစီးစစ်သည်များ။ လမ်းမှာရှိတဲ့ကလေးလူကြီးမရွေးအသည်းအသန်ရှောင်ရှားရသည်။မဟုတ်ပါက ထိုမြင်းတို့ရဲ့ခွာအောက်ခန္ဓာရောက်ရင်ရောက်...မဟုတ်ပါကစစ်သည်တို့ရဲ့ဓားသွားအောက်အသက်ပျောက်ရပေမည်။

ထိုမြင်းများရဲ့ခွာတွေရပ်တန့်သွားသည်ကဆောင်ကြာမြိုင်ရဲ့ရှေ့။ ပန်းမြိုင်ထဲကဧည့်ကြိုလူကြီးဟာအပြေးအလွှားထွက်ကြိုသည်။

" အာအီဂူး~ လူကြီးမင်းတို့ရောက်လာပြီပဲ...လာပါလာပါ အထဲဝင်ကြပါ"

" ပြည့်တန်ဆာအိမ်ထဲဝင်ပြီးတဏှာရူးဖို့မဟုတ်ဘူး...ဒီရှေ့မှာငါတို့စခန်းချဖို့ပဲ"

မြင်းစီးစစ်သည်တွေရဲ့အလယ်မှကြားရတဲ့ဩဇာအပြည့်နှင့်အက်ရှရှအသံကြောင့်ထိုလူကြီး၏ဧည့်ကြိုအပြုံးတွေပျောက်ရှသွားသည်။

မြင်းစီးစစ်သည်တွေကြားမှတိုးထွက်လာသည့်မြင်းဖြူပေါ်ကလူ။ ဝတ်စားထားတာကသားသားနားနားရှိပြီးလက်ထဲမှာဓားရှည်ကိုကိုင်ထားသည်။ ခမောက်စောင်းထားတာကြောင့် သူရဲ့ပါးလှပ်လှပ်နှုတ်ခမ်းနှင့်ထိုအောက်ခိုလုံသည့်မှဲ့နက်ကလေးကိုသာမြင်ရသည်။

ဘယ်သူများလဲလို့အကဲခက်လိုက်တယ်...ထိုလူကခပ်ငိုက်ငိုက်စောင်းထားတဲ့ခမောက်ကိုလက်နဲ့အသာပင့်တင်ပြီးစူးစိုက်ကြည့်လာခြင်းကြောင့်ဧည့်ကြိုလူကြီးတုန်လှုပ်သွားသည်။

" ဟာ အရှင်!...အရှင်ကျွန်တော်မျိုးကိုခွင့်လွှတ်ပါ...အရှင်မှန်းအမှန်မသိလိုက်ခြင်းပါ"

ပြာပြာသလဲဒူးထောက်ဝပ်တွားသည့်အတွက်သူ့ရဲ့နှုတ်ခမ်းထောင့်တစ်ဖက်ကော့တက်သွားသည်။ဒီ့နောက်ထို့လူ့ရဲ့ကျောကုန်းပေါ်ဆွန်းဂန်းအီပြည့်ရှင် အရှင်ဂျွန်ဂျောင်ဂုက ခြေတစ်ဖက်တင်ရင်းပြောလိုက်ပုံဟာတည်ငြိမ်ပေမဲ့ကြောက်မက်ဖွယ်ရာ။

" အိုဝန်းဟီရဲ့မျိုးနွယ်တွေကိုအခုချက်ချင်းထုတ်ပေးစမ်း"

" ကျွန်တော်...ကျွန်တော်မျိုးတို့အိုဝန်းဟီကိုမသိပါဘူးအရှင်"

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Feb 13 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

One Night StandNơi câu chuyện tồn tại. Hãy khám phá bây giờ