( 28 ) Final U / Z

18K 740 78
                                    

U~

" Morning.. "

'ခမ်း' ထမင်းစားခန်းထဲသို့ ဝင်လာတော့ 'လွမ်း' က စားပွဲဘေးတွင် မတ်တပ်ရပ်ကာ ရေသောက်နေသဖြင့် နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။

" အင်း.. "

'ခမ်း' ရေခဲသေတ္တာ တံခါးကို
ဆွဲဖွင့်ကာ လက်တစ်ဖက်က တံခါးကိုကိုင်၍
နောက်တစ်ဖက်က ခါးတွင်ထောက်ကာ..

" မင်းမနက်စာ ဘာစားမလည်း
ငါ ရှမ်းခေါက်ဆွဲလုပ်စားမလို့ မင်းရောစားမလား
ငါကိုယ်တိုင်လုပ်မှာနော် ငါ..... "

'ခမ်း' ပြောရင်းဖြင့် နောက်လှည့်ကြည့်လိုက်တော့ 'လွမ်း' ကမရှိတော့ပေ၊ ဘယ်ချိန်ကထွက်သွားသည်မသိ၊

" အာ့! နာလိုက်တာ ကျိုးပြီထင်တယ် "

'မြူငယ်' အိပ်ယာမှထထိုင်လိုက်သည်နှင့်
ခါးကဆစ်ခနဲဖြစ်သွားသဖြင့် ခါးကိုဖိကိုင်ကာ
ရေရွတ်လိုက်မိသည်။ 'လွမ်း' ကရေချိုးခန်းထဲမှ ထွက်လာကာ အနားကိုရောက်လာပြီးနောက်
'မြူငယ်' ၏နဖူးကို ဖျက်ခနဲငုံ့နမ်းကာ ပွေ့ချီလိုက်သည်။

" နာနေသေးလား "

" ဟိုနေရာက သိပ်မနာဘူး ခါးကနာတယ် "

'မြူငယ်' ကနှုတ်ခမ်းလေးထော်ကာ ခပ်ချွဲချွဲပြောတော့ 'လွမ်း' ကပြုံးကာ နှုတ်ခမ်းကိုဖျက်ခနဲငုံ့နမ်းလာပြန်သည်။ ရေချိုးခန်းထဲတွင် ရေချိုးပေးနေရင်းဖြင့်လည်း မျက်နှာအနှံ့ကို တဖျက်ဖျက်နှင့်
အနမ်းတွေပေးသဖြင့် 'မြူငယ်' တစ်ယောက်
မျောက်အုန်းသီးရသလိုပင်၊ပြုံးဖြီးနေသည်။

'ခမ်း' ကြက်စွပ်ပြုတ်တစ်ပွဲနှင့် ရှမ်းခေါက်ဆွဲနှစ်ပွဲပြင်ပြီးနောက်တွင်တော့ 'လွမ်း' က 'မြူငယ်' ကိုပွေ့ချီကာ ထမင်းစားခန်းထဲဝင်လာသည်။

" ဟာ... 'ခမ်း' မင်းအကျင့်မကောင်းတာဘဲ
ငါလည်း မင်းလုပ်တဲ့ရှမ်းခေါက်ဆွဲစားချင်
တယ်လေ "

" ကိုယ့်အခြေအနေ ကိုယ်သိလေ "

" မင်းကကွာ ဒီနေ့မှ ဘာလို့လုပ်ရတာလည်း
မတရားဘူး ငါလည်းစားချင်တယ်လေ "

" အေးပါကွာ မနက်ဖြန်ကျရင် လုပ်ကျွေးမယ်
ဟုတ်ပြီလား "

" ကတိနော် "

You're My Beloved ( COMPLETE )Where stories live. Discover now