Ep2 Uni +Zaw

8.8K 442 9
                                    

            "ဘာ...အဲ့အကောင်ကအဲ့လိုဘဲပြောတာလား..."

            "ဟုတ်တယ်.... ဟင့်...ရွှတ်...ငါ့ကိုဆရာမကြီးကရိုက်လိုက်တာ အရမ်းနာတာဘဲ..."

               နှင်းဦးလက်က ထွန်းရွှေဝါဆေးဘူးကိုကိုင်ကာတစ်ရှုံ့ရှုံ့နှင့်ငိုကာ သူ့ရှေ့ကလူကိုပြောလိုက်သည်။  နှင်းဦး၏ ရီးစားဖြစ်သော မင်းမောင်ကတော့ နှင်းဦး၏ ခြေသလုံးမှ အရှိုးရာလေးကို ဆေးလိမ်းပေးနေကာ မျက်နှာကတော့ တည်တင်းနေသည်။

              "ကျော်ဆန်း.. ငါကတော့မကျေနပ်ဘူးကွာ...ကြည့်အုံး ငါ့အချစ်ရဲ့ခြေသလုံးနုနုလေးကို...ဒီကောင်ကြောင့်ဖြစ်ရတာ စောက်ခြောက်ကများ..."

           မင်းမောင်က ဒေါသအလျောက်စကားလုံးကြမ်းများကိုသာပြောသည်။ ကျော်ဆန်းဆိုသည့်ကျောငိးသားကတော့ ခါးထောက်ကာ စကားတစ်ခွန်းဆိုပြန်သည်။

            "ဒီတစ်ခါ ငါကိုယ်တိုင်လိုက်မယ်...ဒါပေမယ့် ကြေးကတော့ပိုမယ်...၅ထောင်နဲ့ ခုခေတ်စားနေတဲ့နာရီတစ်လူံး..."

             "အေး...ရတယ်...နှင်း ခုတော့သွားတော့နော် ...တော်ကြာနေတစ်ယောက်ယောက်တွေ့သွားရင် မကောင်းဘူး..."

             မင်းမောင် ချစ်ရသူကို ပြောပြီး ကျော်ဆန်းကိုခေါ်ကာအတန်းဘက်ထွက်ခဲ့သည်။ ကျော်ဆန်း မင်းမောင် နှင်းဦးဆိုတာက ငယ်သူငယ်ချင်းတေပင်။ မင်းမောင်နှင့်နှင်းဦးကတော့ ၁၀တန်းအစမှာတငိ သူငယ်ချင်းအဆင့်တက်ခဲ့သည်။ ကျော်ဆန်းကတော့ ဘာလာလာဒေါင်းသည်။ ချစ်ပန်းရုံ ကိုစတွေ့သည့်နေ့က ချစ်ပန်းရုံကို အဆောင်စပြီးလာအပ်သည့်နေ့ပင်။ သူ့ကိုမြင်တော့စိတ်ဝင်စားသည်ရယ်မဟုတ်ပေမယ့် သူ့အမြင်ထဲမှတော့နဲနဲဆန်းသလိုပင်။ နှင်းဦးတို့ကိုပြောပြတော့.......

          "အမလေး...နင်လိုက်လဲ သူကနင့်ကိုအဖြေပြန်ပေးရင်ကံကောင်း...ငါကြားတာတော့ သူကအရမ်းမာနကြီးတာတဲ့နော်..ပေါင်းတာတောင် လင်းမောင်ဆိုတဲ့ တစ်ယောက်နဲ့ဘဲပေါင်းတာတဲ့... အယ်...ဒါပေမယ့် သူက သူ့ဖြစ်တည်မှုကို come out လုပ်ထားတယ်ဆိုတော့ နင့်တွက်မျှော်လင်ချက်ရှိတာက 50 %50 ဘဲ..."

Rebirth for Love (Completed)Where stories live. Discover now