အခန်း - ၃

559 39 19
                                    

(Unicode)

ဆွေး - ၃

မောင့်အတွက်ရည်ရွယ်ပြီး ပေးထားမိသည့် မေတ္တာတွေအားလုံးကို ကိုယ်တိုင်ပဲ ပြန်ယူလိုက်ပါပြီမောင်။ မေတ္တာဆူးရင် ခံရခက်တယ်တဲ့မောင်ရယ်။ ကျွန်တော်တော့ သည်မေတ္တာတွေကြောင့် မောင့်အပေါ် မခံစားစေချင်ပါဘူး။ မှန်သောစကားပါမောင်ရယ်၊ မောင့်အနားမှာ ဘယ်သူပဲရှိနေနေ ကြည်ကြည်ဖြူဖြူနဲ့ မုဒိတာပွားပေးနေမှာပါ။ မောင့်ရဲ့သတ္တိတွေနဲ့ မောင့်ရဲ့မေတ္တာတွေကို သည်ကနေ့စပြီး မောင်ချစ်တဲ့သူကိုပဲ ပေးလိုက်ပါတော့မောင်။ သည်ကနေ့စပြီး ကျွန်တော်လည်း မောင့်အပေါ် မနှမြောမိတော့သလို မောင်လည်း ကိုယ့်ကို မေ့ပစ်လိုက်ပါတော့မောင်။

ခက်ခက်ခဲခဲ တည်ဆောက်ထားပြီးသည့် ဆက်ဆံရေးတစ်ခုက အချိန်တိုတစ်ခုအတွင်း ပြတ်စဲသွားတာမျိုးမဟုတ်ဘူးမောင်။ သည်ကိစ္စအတွက် ကျွန်တော်က မောင်မသိခဲ့တဲ့လများစွာမှာ ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ခဲ့ရတာပါမောင်။ မောင့်အတွက် အချိန်တွေပေးခဲ့သလို၊ မောင့်အတွက် အခွင့်အရေးတွေကိုလည်း များစွာပေးခဲ့ပြီးပြီမို့ လက်လွှတ်လိုက်ပြီးသည့်နောက် မောင်လည်း ကျွန်တော့်ကိုကျေးဇူးပြုပြီး လွတ်လပ်ခွင့်ပေးလိုက်ပါတော့မောင်။

ဘယ်အရာမျိူးနဲ့ပဲဖြစ်ဖြစ် မောင်ရော ကျွန်တော်ရော ဘယ်သူ့ဘယ်သူအပေါ်ကိုမှ ဘယ်လိုကြိုးမျိုးနဲ့မှ မချည်နှောင်ကြစို့နော်။ ဆက်ထုံးတွေရှိရင်လည်း ဖြေလိုက်ကြတာပေါ့နော်မောင်။ ကောင်းသောခွဲခွာခြင်းဖြစ်စေဖို့အတွက် ဆုတောင်းပါတယ်မောင်။

ကံကုန်တာပဲဖြစ်ဖြစ်၊ ကံမကုန်တာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မောင်ရှိရာရပ်ဝန်းကို ဘယ်တော့မှပြန်လှည့်မလာမှာ သေချာတာမို့ အဲဒီအခါမှ ကျွန်တော့်ကို ရက်စက်တယ်လို့တော့ မထင်စေချင်ဘူးမောင်။ မောင်တို့နှစ်ယောက်ပေါင်းပြီး ကိုယ့်အပေါ်ရက်စက်ခဲ့တဲ့အရာတွေနဲ့ယှဥ်ရင် ကိုယ့်ရဲ့ ရက်စက်ခြင်းက နာနာကျင်ကျင်နဲ့ ရက်စက်ရတဲ့ ရက်စက်ခြင်းပါမောင်ရယ်။

ဒါပေမဲ့ ကျွန်တော်က မောင့်လောက်တော့ သတ္တိမရှိခဲ့ဘူးမောင်။ ကိုယ်နဲ့မရင်းနှီးတဲ့ ရပ်ဝန်းတစ်ခုကို ​ခြေစုန်ပစ်ဝင်ဖို့အတွက်တော့ အတော်ကလေး ကြိုးစားယူနေရတယ်မောင်။ အကယ်၍ ကိုယ်သာမောင့်လောက်သတ္တိရှိခဲ့ရင် ဒီစွန့်လွှတ်ခြင်းဟာ ဒီ့ထက်ပိုပြီး စောချင်တောင် စောသွားနိုင်ပါသေးတယ်။ ဒီတစ်ခါတကယ်နှုတ်ဆက်ခဲ့ပြီမောင်။ ပြန်မတွေ့ကြစို့လားနော်...။

| ဆွေး ~ Đaçaÿ |Where stories live. Discover now