12(final)

76 7 0
                                    

Renjun နဲ့ စက်ဘီးစီးပြီး အိမ်ကို ပြန်ရောက်တော့ ညခုနှစ်နာရီခန့်သာရှိသေးသည်။ ခါတိုင်းဆို ဆယ်နာရီကျော်လောက်မှ ပြန်ရောက်တတ်တာမို့ သူ့အနေနဲ့ဆို စောသည်ဟု ပြော၍ရသည်။ သူအိမ်ထဲကိုရောက်တော့ မေမေက မီးဖိုခန်းထဲတွင် ညစာပြင်နေသည်။ သူ့ကိုတွေ့တော့ မေမေမျက်လုံးတွေမှာ ပျော်ရွှင်မှုတွေမြင်လိုက်ရသည်။
"သား ထမင်း မစားရသေးဘူးမလား။ မေမေတို့လည်း မစားရသေးဘူး။ အတူတူစားရအောင်လေ။ သားဖေဖေက ရေချိုးပြီးရင် လာတော့မှာ"
"ဟုတ် မေမေ"
ဖေဖေပါရောက်လာသည်။
"သား ဒီနေ့အစောကြီးပြန်လာတာပဲ"
"ဖေဖေတို့ မေမေတို့နဲ့ အတူတူ ထမင်းစားချင်လို့"
"ကောင်းပါပြီဗျာ"
*
မနေ့ညကတည်းက သူတစ်ညလုံး စဉ်းစားကြည့်ခဲ့သည်။ Renjun ကို တွဲဖို့ပြောတုန်းက အပျော်သဘောလောက်ပါပဲ။ တွဲကြည့်ရင် ဘယ်လိုနေမလဲလို့ သိချင်ရုံလောက်သာ။Renjun ကြောင့် သူ့ဘဝမှာ ‌အပြောင်းအလဲတွေဖြစ်ခဲ့သည်။ နွေးထွေးမှုကိုပြန်ရခဲ့သည်။ သူ့ကမ္ဘာကြီး စိုပြည်ခဲ့သည်။ အရေးအကြီးဆုံးက Huang Renjun မရှိလို့ မဖြစ်တော့ဘူး။ Renjun လက်ကို ကိုင်ဆွဲထားပြီး သူ့ရဲ့နောင်လာမယ့်နေ့ရက်တွေကို ရင်ဆိုင်ကြည့်ချင်သည်။
'Lee Jeno ငါတို့ တွဲတာကို ရပ်လိုက်ရအောင်'
သူ့ဖုန်းထဲကို ဝင်လာသည့် စာတိုလေး။
မလုပ်နိုင်ဘူး။ သူက အခုမှ ဆုံးဖြတ်ပြီးတာကို။
ဒီနေ့ကျောင်းပိတ်ရက်မို့ Renjun အိမ်မှာပဲရှိလောက်သည်။ ဒါကြောင့် Renjun တို့ အိမ်ကို ထွက်လာခဲ့သည်။
အိမ်ရှေ့ရောက်တော့ ခြံဝင်းထဲမှာ လမ်းလျှောက်နေတဲ့ Renjun ရယ်လေ။
သူ့ကိုတော့ စိတ်ဒုက္ခရောက်အောင်လုပ်ထားပြီး ကိုယ်တိုင်ကျ သာယာနေသည်။
ဝင်းတံခါးကို တွန်းဖွင့်ပြီး ဝင်လာတော့ အံ့ဩတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်သည်။
"ဒါက ဘာသဘောနဲ့လဲ"
"တွဲတာကို ရပ်ဖို့လေ။ တွဲခဲ့တာ Taeha ကြောင့်မဟုတ်လား။ အဲ့ဒီကိစ္စက အခုအဆင်ပြေပြီဆိုတော့ ငါတို့ရပ်လိုက်ရအောင်"
Renjun က တည်ငြိမ်နေပေမယ့် သူ့ကတော့ မတည်ငြိမ်နိုင်ပါ။ ပုခုံးလေးနှစ်ဖက်ကို ခပ်တင်းတင်ူဆုက်ကိုင်လိုက်သည်။
"မရဘူး။ ဆက်တွဲမယ်။ ငါ‌ကတော့ မင်းကို လက်မလွှတ်နိုင်သေးဘူး"
"ဘာလဲ မင်းလက်လွှတ်နိုင်တဲ့အထိ ငါကစောင့်ရမှာလား။ ငါ့ဘက်ကျတော့ ထည့်မစဉ်းစားပေးဘူးလား ဟမ်။ မင်း‌ကို သဘောကျနေတာမို့ မင်းနားမှာ ဆက်မနေနိုင်တော့ဘူး။ အချိန်တွေပိုကြာရင် ငါ မင်းကို ပိုပြီးတွယ်ငြိသွားလိမ့်မယ်။ မင်းက လမ်းမခွဲခင် ငါ့ဘက်က အရင်လမ်းခွဲပါရစေနော်။ Lee Jeno ငါ့ကို သနားပါကွာ"
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျပြီး ပြောဆိုနေတဲ့ အကောင်ပေါက်လေး။ သူ့ရင်ဘက်ကို လက်သီးဆုပ်လေးနှင့် ထုရိုက်‌နေသေးသည်။ မျက်ရည်တွေစိုလူးနေသည့် ပါးလေးကို သူ့ပါးနဲ့အပ်လိုက်သည်။ ကျဆင်းနေသည့် မျက်ရည်တွေကို သူ့အနမ်းနဲ့ ခြောက်သွေ့စေလိုက်သည်။
"ချစ်တယ်။ ဘယ်အချိန်ကတည်းကလဲမသိပေမယ့် အခုမင်းမရှိရင် မဖြစ်တော့ဘူး"
သူက ဖွင့်ဟတော့ မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်နှင့် ငေးကြည့်နေရှာသည်။
"မင်းက တစ်ချိန်ကျ ငါ့ကို ထားခဲ့မှာ"
တိုးတိုးလေးထွက်ကျလာသည့်အသံငယ်လေး။
"မထားခဲ့ပါဘူးဆိုကွာ။ ကတိပေးတယ်။ အမြဲတမ်း မင်းအနားမှာနေမှာ ။ မင်းက ထားခဲ့ရင်တောင် မင်းနောက်တကောက်ကောက်လိုက်နေမှာ"
"ကတိနော်"
"လက်သန်းချင်းချိတ် ဦးမလား"
"ရပါတယ်"
Renjun က ပြုံးပြီးပြောသည်။
"ချစ်တယ် Huang Renjun "
"ချစ်တယ် Lee Jeno"
ချစ်ရသူကို ရင်ခွင်ထဲသွင်းတော့ အလိုက်သင့်လေးပါလာသည်။
သူ့တစ်သက်တာအတွက်ရည်ရွယ်ထားတယ်ဆိုတာ ချစ်သူကိုယ်တိုင်ခံစားသိရှိပါစေ။

Fall in love casually Where stories live. Discover now