💦Part- 1💦

2K 77 0
                                    

                              Part - 1

"အားလုံးပဲ မင်္ဂလာပါ"

"မင်္ဂလာပါ ဆရာဂျွန်"

"ဒါကတော့ ဆရာတို့ကျောင်းကို အသစ်ပြောင်းလာတဲ့ ကျောင်းသားသစ်လေးနော်  သားမိတ်ဆက်လိုက်ပါအုံး"

"ဟုတ်"

"Jeon Jungkookပါ"

"သားအဆင်ပြေတဲ့ နေရာထိုင်လိုက်နော်"

"ဟုတ်"

"သူငယ်ချင်းသစ်ကို အားလုံးခင်ခင်မင်မင်နေကြနော်၊ ကဲ.. မနေ့က page-13ကို ဆက်ရှင်းမယ်"

အဘိုးဆုံးပြီးတော့ အဘွားနဲ့ဒေါ်ဒေါ်  မိန်းမသားနှစ်ယောက်ထဲမို့ Daddyက သားအကြီးပီပီ ကိုယ့်နိုင်ငံကို ပြန်အခြေချဖို့ ဆုံးဖြတ်ခဲ့တယ်။ စပိန်ကအလုပ်တွေကို ဆိုးလ်ကိုဖြည်းဖြည်းချင်းရွေ့နေတာ လွန်ခဲ့တဲ့၂နှစ်လောက်ကတည်းက အခုတော့ အားလုံးပြီးပြတ်သွားပြီမို့ ဆိုးလ်ကိုအပြီးပြောင်းလာခဲ့ရပြီ။ ကျောင်းအသစ်က မဆိုးပါဘူး ကိုယ့်လူမျိုးချင်းချင်းမို့ ဟိုမှာထက် ပိုပျော်မှာတော့သေချာတယ်။

ဆရာဂျွန်ထွက်သွားပြီးထဲက ကျောင်းသားတွေ ကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့ ဆူညံနေတော့သည်။ သေချာတာကတော့ ကျောင်းသားသစ်Jeonဆီမှာ အကြည့်တွေ့ဝိုင်းအုံနေခြင်းပင်။

"ဒီလောက်ချောတာ ငါခုမှမြင်ဖူးတာ"

"အဲ့လောက်ထိချောနေဖို့လိုလို့လား"

"တစ်ကိုယ်လုံး brandတွေနဲ့ သူဌေးသားလေးမလား"

"အို.. ငါcrushတစ်ယောက်တိုးပြန်ပြီ"

ဒီလိုစကားတွေ၊ ဒီလိုအကြည့်တွေက Jeon Jungkookအတွက်ကတော့ နေသားတကျပါ။ စပိန်မှာထဲက ကောင်မလေးတွေ အကြူးခံခဲ့ရသူမို့ အားလုံးရဲ့မျက်လုံးတွေ ကိုယ့်စီရောက်နေရင်တောင် celeတွေလိုအသားကျစွာပင်။

တခြားအတန်းဖော်တွေအပြင် ကိုယ့်ဘေးနားက တစ်ယောက်ကပါ ကြည့်နေပြီမို့ လှည့်ကြည့်လိုက်တော့ ကြောင်ကြည့်နေပြန်တယ်။
လက်နဲ့ မျက်စိရှေ့ဝါးပြမှ

"ဟင်"

"ဘာကြည့်နေတာလဲ"

"sorry... တစ်နေရာရာမှာ မင်းကို မြင်ဖူးသလိုလိုရှိလို့ ကြည့်မိသွားတာ"

 Jeon JiminWhere stories live. Discover now