Uni/Zg
Hello
ကိုယ်တစ်နေ့တစ်ပိုင်း တစ်နေ့နှစ်ပိုင်း အပ်ပေးမယ်လို့ ပြောထားပြီးမှ အခုလိုမျိုး
မအပ်ပေးနိုင်တာက အခု wattpadမှာ
ကိုယ်ကြိုရေးထားရင် ကိုယ်မအပ်ခင် သိမ်းထားချိန်မှာ စာတွေတစ်ပိုင်းတစ်စ ပျက်ကျနေလို့ပါ။ ကိုယ်စာလုံးရေ 10000ရေးထားရင် 500 လောက်ဘဲ ကျန်နေတာ အဲ့လိုကြောင့် ကိုယ်တင်ဖို့ ရေးထားသမျှ အပိုင်းတိုင်း
ပျက်သွားတာကြောင့် အချိန်ခဏလေးပေးဖို့
စာဖတ်သူတို့ကို တောင်းဆိုပါရစေရှင်။
နောက်ထပ်အပိုင်းနည်းးဘဲ ကျန်နေတာမလို့
ကိုယ်ကဇာတ်သိမ်းအထိ ရေးလိုက်မိပြီး
သိမ်းထားတာ wattpadက updateတောင်းတော့ ကိုယ်တင်လိုက်တယ်။ အဲ့ကနေ စတာဘဲ။ ကိုယ် အပိုင်း61ကို တင်ဖို့ ဝင်ကြည့်လိုက်တဲ့အချိန်မှာ ကိုယ်ရေးထားတဲ့စာက 500ဘဲ ကျန်တော့တာ။ ပြီးရင် 61တစ်ပိုင်းတည်းမဟုတ်ဘဲ ဇာတ်သိမ်းအထိ Extraအပါအဝင်
အကုန်လုံးက အဲ့လိုဖြစ်သွားတာကြောင့်
အရင်ကိုယ်ရေးထားသလို ပြန်ရဖို့ ကြိုးစားနေရဆဲပါ။ အဲ့လိုကြောင့် Extraအထိ ရောက်မှ အပိုင်းတိုင်း တစ်နေ့တစ်ပိုင်း ပြန်အပ်ပေးမှာမလို့ ဘယ်နေ့အပ်လို့ရမလဲဆိုတာကို
ကိုယ်က မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ နှစ်ပတ်လောက်တော့ အချိန် ပေး ရမယ်ထင်တယ်။ ခေတ်လိုက်တို့ကို မမေ့လိုက်ဘဲ
အရင်လို အားပေးကြပါအုံးလို့ ပြောချင်ပါတယ်ရှင့်။
နောက်တစ်ခု ကိုယ်ပြောချင်တာက
18+အခန်းအကြောင်းပါ။ စာဖတ်သူတို့က 18+မကြိုက်သူဆိုရင် ရှောင်ရဖို့အတွက်
ကိုယ်က rating အလိုက် Warning ပေးထားပါတယ်ရှင့်။ (18+,21+)တွေ တပ်ပေးထားတာက အလှတပ်ထားတာမဟုတ်ရပါဘူးရှင့်။ 18+ဆို လိင်ကိစ္စတွေလောက်ဘဲ ရေးထားတဲ့အပိုင်းဖြစ်ပြီး 21+က ညစ်ညမ်းယုတ်မာရိုင်းစိုင်းပြီး လိင်ကိစ္စကို ဒဲ့သာ
ပွင့်ပွင့်လင်းလင်းရေးထားတာကြောင့်
ရှောင်မယ့်သူတွေ ရှောင်လို့ရအောင်
ရေးပေးထားခြင်းဖြစ်သည်။
အဲ့လိုကိုယ် rating ပေးထားတာကို
မကြည့်ဘဲ ရမ်းမပြောစေချင်ဘူးရှင့်။
18+အခန်းတွေ ကျော်ဖတ်ရင်လည်း
ဇာတ်လမ်းအတက်အကျကို နားလည်နိုင်ပါတယ်ရှင့်။ အဲ့ကြောင့် 18+ကိုဆို ဝေးဝေးကရှောင်တဲ့ အမတို့ ညီမတို့ ညီလေးတို့အတွက်
Rating ပေးထားတဲ့အပိုင်းတွေကို ကျော်ပြီး အခြားအပိုင်းတွေကို ဖတ်လို့ရပါတယ်လို့ ပြောချင်ပါတယ်ရှင့်။
YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်
