Part_2

708 24 0
                                    


ဦးဖုန်းလှ တစ်ယောက် ခရီးထွက်ဖို့ရာပြင်ဆင်နေသည်။

"ဖေဖေ ဘယ်သွားမို့လဲ။"

"ဪ သား လာလေ။ဖေဖေ တခြားမြို့ကအဆောက်အဦးတစ်လုံးကိုသွားကြည့်ဖို့လိုလို့သားရဲ့။"

အခန်းတံခါးဝက ရပ်နေတဲ့shineက ဝင်လာပြီး ဖခင်ဖြစ်သူရဲ့အိပ်ယာပေါ်တတ်ထိုင်ကာ အဝတ်အစားထည့်နေသည့် ဖခင်ကိုငေးကြည့်နေသည်။

"ဘယ်လောက်ကြာမှာလဲ ဖေဖေ။"

"၂/၃ရက်ပေါ့ ဘာလို့လဲသားရဲ့။"

"သားလိုက်ခဲ့လို့ရမလား။"

"သားလိုက်ခြင်တဲ့ဆန္ဒရှိရင် လိုက်ခဲ့လို့ရတယ်။ကျောင်းကိုခွင့်တိုင်ထားခဲ့မယ်လေ။"

ဖခင်ဖြစ်သူရဲ့ စကားပြန်ကိုကြားတော့ shineမှာ မျက်ဝန်းလေးတွေတောက်ပသွားသည်။

"ဒါဆိုခုည သွားကြမယ်လေ။"

"ညနေ၅နာရီရှိနေပြီ ဒါဆိုဟိုရောက်ရင်ညဉ့်နက်တော့မှာပေါ့။"

"ဟာ ဖေဖေကလည်း သားအသက်၁၂နှစ်ရှိနေပြီ ခရီးသွားတဲ့အတွေ့အကြုံလေးတွေယူခြင်တယ်လေ။"

သားတော်မောင်ရဲ့ နောက်ဆက်တွဲစကားတသီတသန်းတွေကြားပြီး ဦးဖုန်းလှတစ်ယောက်ပြုံးပြုံးနဲ့သာလက်ခံလိုက်သည်။
စနေနေ့ညဖြစ်တာကြောင့် တနင်္လာနေ့အတွက်ခွင့်တစ်ရက်တိုင်ပေးပါရန် ဒေါ်လေးကိုသာအပူကပ်ခဲ့သည်။

"ကဲဒါဆို အစ်ကိုကြီးတို့သွားတော့မယ် လှယဉ် တစ်ယောက်ထဲမနေရဲရင် ညီမလေးသူငယ်ချင်းအဆွေးကိုခေါ်အိပ်လေ။"

"အင်းပါ လမ်းခရီးကိုဂရုစိုက်အုံး။သားငယ် ဖေဖေ့အနားကနေ ဝေးရာမသွားရဘူးနော် ဒေါ်လေးကိုစိတ်ပူအောင်မလုပ်နဲ့။"

"ဟုတ်ကဲ့ပါ ဒေါ်လေးရယ် ဒေါ်လေးသာအိမ်မှာဂရုစိုက်နေအုံး။"

"အေးပါကွယ် ကဲကဲ ကားပေါ်တတ်တော့ ခုတောင်၆နာရီထိုးတော့မယ်။"

သားဖနှစ်ယောက် ညနေ၆နာရီလောက် မန္တလေးမြို့ကြီးကနေစတင်ထွက်ခွာလာတော့သည်။

"မိုးမိုး........ မိုးမိုးရေ...."

"အေးဖိုးခွားစိ အမိုးဒီမှာဝေ့။"

ရင်ခုန်သံကိုမညာချင်ဘူး_(Completed)Where stories live. Discover now