ဒေါက်~ဒေါက်...
တံခါးခေါက်သံကြားသည်နဲ့ ဆော့ဂျင်စောင်အား ခေါင်းထိခြုံလိုက်မိသည်...
"ဂျင် မနက်စာ စားရအောင်"
lockချထားသောအခန်းတံခါးကြောင့် ထယ်ယောင်းအပြင်ကနေသာ အော်ခေါ်မိသည်။ညကလည်း ဘာမှမစားဘဲအိပ်သွားခဲ့တာ...ကိုယ့်ကိုစိတ်ဆိုးပြီးအိပ်ခန်းထဲတောင်ပေးမ၀င်တဲ့အထိ။
"ဆော့ဂျင်! မောင်ခေါ်နေတယ်လေ"
တုန်ပြန်သံ မပေးလာသည့်ဆော့ဂျင်ကြောင့် အသံအနည်းငယ်မာမိသည်။ထိုတောင် အထဲကအကောင်ပေါက်က မထူးလာခဲ့။
"ကင်မ်ဆော့ဂျင်! ထွက်လာမလား!...မောင်သော့ဖွင့်ပြီး၀င်လာရမလား"
အစက စိတ်ဆိုးနေတယ်ဆိုတာကြောင့် အလျှော့ပေးထားပေမယ့် အစာငတ်ခံ ဆန္ဒပြနေတာကိုတော့ လက်မခံနိုင်ပေ။
"ကင်မ်ဆော့ဂျင်!!"
"မစားဘူး! မစားဘူး!!လုံး၀မစားဘူး! ဒီအရူးကြီးသေသွားတော့ ခင်ဗျားအတွက်၀န်ထုပ်၀န်ပိုး ပေါ့သွားတာပေါ့"
"တောက်ခ်!! "
ဒေါသစိတ်နှင့်အတူ ၀မ်းနည်းစိတ်ကရင်ထဲ
ပြည့်ကျပ်လာသည်။၀န်ထုပ်၀န်ပိုးတဲ့~ ကင်မ်ဆော့ဂျင်ကသူ့အတွက်၀န်ထုပ်၀န်ပိုးမှ မဟုတ်ဘဲ ......"ရတယ် မဖွင့်နဲ့ အဲတံခါးကို ငါကိုယ်တိုင်ဖွင့်ပြီး ၀င်လာခဲ့မယ်!"
မောင့်အသံကြားပြီးသည်နဲ့ခြေသံကျယ်ကျယ်က ထွက်သွားခဲ့သည်ပုံကိုပေါ်နေခဲ့၏။မောင်က သူ့ကိုတကယ်ပဲမချစ်တော့တာလား...။
သူ့အားရန်သူတစ်ယောက်ကဲ့သို့ ပြောဆိုနေခဲ့တာ...အနေအေးသလိုစကားလည်းနည်းတဲ့မောင်ကသူ့အားလေသံမာမာနဲ့တောင်မပြောဖူးပေ။အခုတော့...မောင်ကသူချစ်ခဲ့တဲ့မောင်မှဟုတ်ပါလေစွလို့ ပြန်တွေးယူရတဲ့အထိ။
ဂျလောက်!
အခန်းတံခါးဖွင့်သံကြားသည်နှင့် ဆော့ဂျင်မျက်ရည်များအား ကပျာကယာသုတ်လိုက်မိသည်။
ကော်ဖီခွက်နဲ့ ကြက်ဥပေါင်မုန့်သုံးချပ်အားပန်းကန်၌ထည့်ပြီး သူ့ဆီသို့လာနေသည့်မောင်က အရယ်အပြုံးကင်းစင်စွာ......