အပိုင်း(44)

120 14 0
                                    

ဘာမှမဖြစ်ဘူး။ လမ်းလျှောက်နေရုံပါ။

"တိမ်တိုက်တောင်တန်းကိုလား?"

ဝမ်ယုနှင့် ချန်ဟွာတို့သည် မိုးကြိုးဓားလေးစင်းဂိုဏ်းမှ ထိပ်တန်းတပည့် အယောက် (၂၀)ကျော်နှင့်အတူ တောင်တန်းများပေါ်တွင် လမ်းလျှောက်ခဲ့ကြသည်။

ချင်ကျိုး ဓားတာအိုပြိုင်ပွဲက စတင်ပါတော့မည်။ သူတို့အတွက် ယှဉ်ပြိုင်ရန် နှစ်လပင်မကျန်တော့သဖြင့် တာအိုပညာရှင်စစ်ကျီ က တပည့်များ ဓားရေးလေ့ကျင့်ဖို့ တိမ်ခိုးတောင်တန်းကို ပို့ဆောင်ရန် သူတို့နှစ်ယောက်ကို အမိန့်ပေးခဲ့သည်။

တဲ့တိုးပြောရလျှင် သူတို့သည် တပည့်များအတွေ့အကြုံရစေရန်အတွက် လာခဲ့ခြင်းဖြစ်သည်။

ဂိုဏ်းတွင်းကျင်းပလေ့ရှိသော ပြိုင်ပွဲများသည် ပြိုင်ဘက်များကို မထိခိုက်စေကြောင်း သိသောကြောင့် များများစားစား စဉ်းစားစရာမလိုပေ။

ထို့ကြောင့် ဓားတာအိုတွင် ၎င်းတို့၏ ဉာဏ်အလင်းများ တိုးပွားစေရန်အတွက် ၎င်းတို့အား နတ်ဆိုးသားရဲများကို တိုက်ခိုက်ရန် တိမ်ခိုးတောင်တန်းများသို့ ကြိုတင်၍ စေလွှတ်ခဲ့သည်။ တပည့်များ ပိုတိုးတက်လာဖို့ တစ်လလောက်က လုံလောက်ပါသည်။

တစ်ဖက်တွင်မူ ဝမ်ယုနှင့် ချန်ဟွာတို့သည် မကျေမနပ်ဖြစ်စရာမရှိပေ။

သူတို့သည် သူတို့၏ တပည့်များကို တိမ်တိုက်တောင်တန်းသို့ အလွယ်တကူပင် ခေါ်ဆောင်သွားကြသည်။

တိမ်တိုက်တောင်တန်းအတွင်းသို့ ဝင်ရောက်ပြီးနောက် လေးနာရီမရှိတရှိတွင် လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။

သူတို့ နှစ်ယောက်က အတော်လေး သတိထားနေကြသည် ။

၎င်းတို့သည် အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း တိမ်တိုက်တောင်တန်းတွင် လျှို့ဝှက်ပညာရှင်များရှိပြီး အချို့သော ကျင့်ကြံသူများသည် အခြားသူများကို တိုက်ခိုက်ရန်နှင့် ရတနာများကို ခိုးယူရသည်ကို နှစ်သက်ကြသည်။

မိုးကြိုးဓားလေးစင်းဂိုဏ်း၏ ဂုဏ်သိက္ခာဖြင့်ပင် မဟန့်တားနိုင်ပေ။ ထို့ကြောင့် နှစ်ယောက်သား ပို၍ပင် သတိချပ်ထားလိုက်သည်။

ကျင့်ကြံရတာ ခတ်လို့လားΌπου ζουν οι ιστορίες. Ανακάλυψε τώρα