အပိုင်း(3)

2.1K 122 0
                                    

" ရန်လေး ကို သခင်လေးဆီအပ်ပါတယ်နော် သေချာလေဂရုစိူက်ပေးပါ''

"စိတ်ချပါ ရန်လေးကို မထိခိူက်စေရပါဘူးသူစိတ်ချမ်းသာအောင်ထားမှာပါ''

"ဟို....သခင်လေး''

"ပြောပါ သခင်မကြီး ဘာပြောချင်တာလဲ''

"ကျွန်မသားလေးကိုဂရုစိုက်ပေးပါ  သူအပြစ်လုပ်မိရင်လဲ စိတ်မဆိုးပဲခွင့်လွှတ်ပေးပါ''

သခင်မကြီးက မျက်ရည်တွေဝဲ ပြီးပြောတော့ အန်ဒရူး စိတ်ထဲတစ်မျိူး ဖြစ်သွားသည်။.ဘာလို့လဲဆိုတော့ သခင်မကြီး နဲ့က မျိုးနွယ်စုဆီရောက်ထဲကမတွေ့ရတာ ခု မျိူးနွယ်ဆီက ပြန်ခါနီးမှ တွေ့ရတာပင်။ ဒီနေ့ အန်ဒရူး မျိုးနွယ်စုဆီပြန်မဲ့နေ့ပင်။.ရန်လေးကိုတော့ မြင်းလှည်းနဲ့လိုက်စေ သည်။သခင်ကြီးရော သခင်မကြီးရောထွက်ပြီးနှုတ်ဆက်နေပေမဲ့သခင်မကြီးက လှည်းကိုတကြည့်ကြည့်လုပ်နေတော့ သိပ်မသကာ် ချင်။.ဒါပေမဲ့သူ့သားက တခြားမျိုးနွယ်ဆီလိုက်ရမှာဆိုတော့မိခင်တစ်ယောက်အနေနဲ့စိတ်ပူတာလဲ ဖြစ်သင့်တာမို့ အန်ဒရူး သိပ်တွေးမနေ။ ရန်လေးကို မနက်က မသွားခင်အချိန်လေး ခနတွေ့ရပေမဲ့ သွားခါနီးတော့ ရန်လေးက လှည်းထဲရောက်နေတာမို့ မတွေ့ရ။ ဟိုဖက် ရောက်မှသာအဝ ကြည့်တော့မယ်လို့တွေးထားလိုက်သည်။

"ကဲ  ရှင်မ ရယ်သခင်လေးတို့နောက်ကျနေပါ့မယ် ရန်လေးကို ဂရုစိုက်မှာပါကွာ မင်းစိတ်ပူမနေပါနဲ့''

"အင်းပါ.သခင်လေး တောင်းပန်ပါတယ် လမ်းခရီးဖင့် အောင်လုပ်မိလို့''

"မလိုပါဘူး ရပါတယ် အာ့တာဆို ခွင့်ပြုပါဦး''

"ဟုတ်ကဲ့ ''

သခင်ကြီးနဲ့သခင်မကြီးကိုနှုတ်ဆက်ပြီး မြင်းပေါ်တက်ပြီး 'ချန်' မျိုးနွယ်စု ဆီ ပြန်ခဲ့သည်။

အီရန် အခန်းထဲ မှာခေါက်တုံခေါက်ပြန် လမ်း​ေလျှာက်နေမိသည်။ ထိုင်လိုက် ထလိုက်နဲ့အငြိမ်မနေနိုင်။ဖခင်ကလဲ ခုထိပြန်ကို မလာသေးတော့ ဘာအကြောင်းမှ မသိသေး။အဆင်ရောပြေရဲ့လားလဲ မသိ။ အဆင်ပြေဖို့ပဲ မျှော်လင့်မိသည်။ခနနေတော့ ဖခင်က အဆောင်ထဲကိုရောက်လာသည်။ အီရန်လဲဖခင်နားအမြန်သွားပြီး အကြောင်းစုံမေးလိုက်သည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Tempat cerita menjadi hidup. Temukan sekarang