အီရန်လဲသူတို့အနားမနေတော့ပဲအိပ်ခန်းထဲကိုသာဝင်လာလိုက်သည်။အခုဆိုရင် အီရန်ရဲ့အမှားတွေကြောင့် ဖခင်နဲ့အမေကလဲ မျိုးနွယ်မှာ နာမည်အရ...သာခေါင်းဆောင်ဖြစ်နေတာပင် တကယ်တော့နောက်ကွယ်ကနေအကိုကချုပ်ကိူင်နေတာဖြစ်သည်။အရင်ကတော့အကိုက သူရဲ့ယောက္ခမတွေနဲ့အဆင်ပြေအောင်နေပေမဲ့ သူရဲ့ညီမကဘယ်လိုပြောလိုက်တယ်မသိ ဖခင်ကိုအကြပ်ကိုင်ပြီးအာဏာကိုလွှဲပြောင်းခိုင်းခဲ့သည်။ဖခင်ကလဲအီရန်ရှိနေတဲ့အတွက်ဘာမှလုပ်မရပဲအသာတကြည်လွှဲပေးလိုက်သည်။
အရင်လိုအီရန့်အပေါ်ဂရုစိုက်ချစ်ခင်တတ်တဲ့အကို့ကိုသာပြန်လိုချင်သည်။အခုလိုမျိုး အီရန့်ကိုအမြဲအပြစ်မြင်ပြီး လျစ်လျူရှူတတ်တဲ့အကို့ကိုမရချင်တော့ပေ။တစ်ခါတစ်လေ အကို့ဆီကထွက်ပြေးချင်ပေမဲ့ အီရန့်ရဲ့အကို့အပေါ်ချစ်မြတ်နိုးတဲ့စိတ်ကြောင့် အကိုနဲ့ဝေးရာကိုမသွားနိုင်ပေ။အဲ့တာကြောင့်လဲအီရန်ခုလိုမျိူးအရာရာကိုသည်းခံနေခဲ့ရတာဖြစ်သည်။နောက်ဆုံးကျရင် အီရန့်ရဲ့အကို့ကိုပဲ ပြန်ရမည်လို့အီရန်ယုံကြည်မိတာကြောင့် သည်းခံနေဖို့ပဲဆုံးဖြတ်လိုက်သည်။
အစ္စလီ....သူမနာမည်အစ္စလီဖြစ်သည်။အမေကတော့ချစ်စနိုးနဲ့လီလီ လိူ့အမြဲခေါ်တာကြောင့်သူမကိုယ်တိုင်လဲလီလီလို့သုံးနှုန်းရတာကိုသဘောကျလာခဲ့ရသည်။လီလီက အမြဲ မြင့်မြတ်တဲ့နေရာကိုလိုချင်ခဲ့သူဖြစ်သည်။အမေနဲ့အတူရှိနေစဥ်တုန်းကလဲသူမရဲ့ဘဝကိုတိုးတက်ဖို့အတွက်မလုပ်ဖူးတဲ့အရာဆိုတာမရှိခဲ့ပေ။လီလီရဲ့အမေကဆင်းရဲပေမဲ့ အစေခံကျွန်မျိူးရိုးမဟုတ်တာမို့ လီလီက ကျွန်တွေထက်တော့သာသည်ပြောရမည်။
ဒါပေမဲ့လဲ ဒီထက်ပိုပြီး မြင့်မားတဲ့နေရာကိုလိုချင်တာမို့အကြီးအကဲတစ်ချိူ့ဆီကိုကပ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပေ။နောက်ဆုံးတစ်ယောက်ကျ အောင်မြင်ခါနီးကျမှ သူရဲ့ပထမဇနီးသည်ကသိသွားပြီးသောင်းကျန်းခဲ့တာမို့အဆင်မပြေခဲ့ပေ။ထို့သို့သောပြသနာတွေကြောင့်ပဲ လီလီတိူ့သားအမိလဲမျိုးနွယ်စုကနေမောင်းထုတ်ခံခဲ့ရသည်။အဲ့အချိန်မှ တစ်သက်လုံးကမပြောပြခဲ့တဲ့လီလီ့ရဲ့ဖခင်အကြောင်းကိုအမေကပြောပြလာချိန် လီလီအံ့သြခဲ့ရသည်။
YOU ARE READING
ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed)
Historical Fictionရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.