မြူနှင်းတွေဝေနေဆဲမနက်အစော စိမ်းမြရောင်သစ်ပင်တွေပေါ်မှာနှင်းစက်တွေက တွဲရရွဲခိုလို့ နေရောင်ကလည်းမပီဝိုးတဝါးနဲ့ မြူနှင်းထုအကြားကနေ အလင်းေရာင်ပြပြကအားပြုထွန်းလင်းလျက် မနက်ခင်းကိုစတင်ဖို့နေမင်းကြီးကကြိုးစားနေသည်
လျှောက်လမ်းတစ်လျှောက်မှာစီရရီပေါက်နေတဲ့အလှစိုက်ခြုံပင်များဆီက နှင်းရေစိုစွတ်ကာ စိမ်းကော့နေကြတဲ့ အရွက်များဆီကို ဖြူဖွေးသွယ်လျတဲ့လက်တစ်ဖက်က ညင်ညင်သာသာပွတ်သပ်သွားရင်း
ငါတို့ဒီလိုလမ်းကိုအတူလျှောက်ဖူးခဲ့ကြတာဘဲ
🎵A-jik-do neo-eui mo-seub-i bo-yeo
🎵A-jik-do neo-eui on-gi-reul neu-ggyeoစီစဉ်မထားဘဲတစ်စုံတစ်ယောက်ကအတွေးကိုနေရာယူလာတော့ ထယ်ယွန်း လျှောက်လက်စလမ်းကိုရပ်လိုက်ပြီး ကောင်းကင်ဆီမော့လို့ ပင့်သက်ရှိုက်လိုက်ရာ အခိုးအငွေ့များကြားထဲကပေါ်လာတဲ့ သူ့ရဲ့အပြုံးကြောင့် ထယ်ယွန်းနှုတ်ခမ်းပါးပေါ်မှာအပြုံးတစ်ခု မပွင့်တပွင့်ဖြတ်ပြေးသွားရင်း
အခုထိ ငါလျှောက်နေကျလမ်းမှာလည်း နင်ပါတယ်
ကြားနေရတဲ့အသံတွေမှာလည်း နင့်အသံတွေကြားယောင်နေရတုန်းဘဲ
မြင်နေကြမြင်ကွင်းတွေမှာလည်းနင်ကနေရာယူထားနိုင်တုန်းဘဲ
ဘယ်လိုလုပ်ရတော့မလဲ
အခုထိ ငါ့ရဲ့မှတ်ဉာဏ်တွေထဲမှာ နင်ရှိနေတုန်းဘဲ
နင်ကတော့ ငါ့ကိုမေ့များသွားပြီလားမမလေး.....နောက်ကနေပေါ်လာတဲ့အိမ်ထိန်းကြီးရဲ့အသံကြောင့် ထယ်ယွန်းအတွေးတွေပျက်သွားကာ.......
လန့်လိုက်တာ
waeyo အိမ်တော်ထိန်းဂို?ဆရာကတော်တို့ ဒီမနက်ရောက်ကြမှာဆိုတာမေ့နေတယ်ထင်လို့ မမေလးကို သတိလာပေးတာပါရှင့်
ထယ်ယွန်းအဲ့တော့မှတပ်လှန့်သလို နာရီကိုကြည့်ကာ ဟုတ်သားဘဲ ခြောက်နာရီတောင်ကျော်နေပြီ သူတို့မကြာခင်ရောက်ကြတော့မယ်
ကျေးဇူးဘဲအိမ်တော်ထိန်းဂို
Ajumma သာသတိလာမပေးရင်ကျွန်မမေ့နေတော့မှာထယ်ယွန်းတစ်ယောက်ခြေလှမ်းသွက်သွက်လှမ်းကာ ထွက်ခွာသွားတော့ အိမ်တော်ထိန်းတစ်ယောက်တည်းထယ်ယွန်းရဲ့နောက်ကျောကိုပြံုးရင်းကြည့်ကာ CEO ကင်ရဲ့ဘဝထဲ ထယ်ယွန်းဝင်လာပြီးနောက်ပိုင်းဒီမိသားစုရဲ့တစတစသာယာစိုပြေလာပုံကိုကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်နဲ့ကျေကျေနပ်နပ်တွေးပြီးနောက် ထယ်ယွန်းကြားမကြားတော့မသိ "မမလေးအတူသွားမယ်လေ" လှမ်းအော်ရင်း ခပ်သုတ်သုတ်လေးပြေးကာလိုက်သွားတော့သည်။
YOU ARE READING
Time Spent Walking Through Memories
Romance💜 အခန်းမှာတင်ထားတဲ့ သီချင်းနဲ့သူ့စာသားကိုသေချာ အရင်ကြည့်ပြီးဖတ်စေချင်ပါတယ်။ ဒီ fiction ကအဲ့သီချင်းကိုနွယ်ပြီးရေးမှာမလို့ပါ။ အဲ့သီချင်းကိုနားထောင်ရင် fiction ကိုပိုသက်ဝင်ခံစားေစနိုင်လိမ့်မယ်ထင်ပါတယ်