(၄၁)
""အသက်ရယ်...... ကိုယ်""
အသက်ရဲ့ ငိုအက်အက်အသံအဆုံးမှာ ဟန်သစ် ဖြေရှင်းချက်မပေးနိုင်တော့ပေ။ သူ ဂရုမစိုက်တာမဟုတ်သလို သတိမထားတာလည်း မဟုတ်ပါ။ အသက်လေးနဲ့သားလေးဟာ အမြဲတမ်း သူ့ရင်ဘတ်ထဲ ထည့်ထားတဲ့ အသည်းနှလုံးပါ။ သို့ပေမယ့် မဆုံးနိုင်သော ဝတ္တရားတွေ၊ မလွှဲသာသော တာဝန်တွေကြောင့် သူတို့သားမိအတွက် သူ ဖက်လဲတကင်းမရှိပေးခဲ့တာသာ များပါသည်။ ဟုတ်ပါသည်။ သူမှားတယ်။ အသက် မှန်တယ်။
"'ပြန်မယ် မနေတော့ဘူး"'
""မပြန်ရဘူးဆို မပြန်ရဘူး!! ကိုယ်ဂရုစိုက်မယ် အရင်ကထက် အများကြီးပိုချစ်ပါ့မယ် အကုန် အကုန် အသက်လေးရဲ့အလိုကျဖြစ်စေရမယ် နော်""
"'ဟင့်အင်း မစိုက်နဲ့ မချစ်နဲ့ မနေဘူး ပြန်မှာ ပြန်မှာ ပြန်မှာ"'
""အသက်ရေ!! ကလေးရေ""
"'ဂျက်!!!"'
"'ပြန်မှာပဲ ဘာမှလာမပြောနဲ့ အီးးးးဟီးးးး"'
မရမက တားမယ်ဆိုတာ သိပြီးသားမို့ ကယ်ကြီးနှင့် မျက်နှာချင်းမဆိုင်ရဲတော့တာကြောင့် မဏိ ရေချိုးခန်းထဲပြေးဝင်ခဲ့လိုက်သည်။ တမင်တကာ ကယ်ကြီးကို မခံချင်အောင် ဂရုမစိုက်ဘူးလို့ စွပ်စွဲလိုက်ပေမယ့် အဲ့လူကြီးက မဏိရဲ့ ပျော့ကွက်ကိုသိနေသည်။ ကိုယ့်စိတ်ကို ကိုယ်ပဲ သိသည်။ ဘာအပြစ်မှမရှိတဲ့ ကယ်ကြီးရဲ့ အချော့စကားအောက်မှာ ဆက်တောင့်မခံနိုင်ပဲ မဏိ အရည်ပျော်သွားလိမ့်မည်။ ထို့ကြောင့်သာ ဆက်မပြောတော့ပဲ ရေချိုးခန်းထဲ ပြေးဝင်ခဲ့ရတာ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မဏိ အိမ်ပြန်ကိုပြန်ရပါမည်။ ဒီအိမ်ရှိ သူစိမ်းတွေကြားမှာ ဆက်နေ၍မဖြစ်တော့။
""ဒုန်းးးး!!!""
""အသက်!! တံခါးဖွင့်စမ်း""
"'မဖွင့်ဘူး"'
""မဆိုးနဲ့နော် ကိုယ့်ဘာသာ ဝင်လာရရင် မင်းမလွယ်ဘူး""
"'မဖွင့်ဘူး မဏိ တစ်ယောက်ထဲနေချင်တယ် လာမရှုပ်နဲ့"'
""တံခါးဖွင့်စမ်း""
"'မဖွင့်ဘူးးး"'
""ကျစ်..... ပြီးတာပဲ ရအောင် ဝင်ပြမယ်""
YOU ARE READING
သူစိမ်းတို့ရဲ့အလယ်မှာ
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းမှာ ဆုံကြပြီး မှောက်မှားသွားကြတဲ့ သူတို့နှစ်ဦး။ ဒါပေမဲ့ သူ့ တာဝန်ရှိတယ်ဆိုပြီး မဏိသက်ကို တာဝန်ယူပေးလိုက်တဲ့ သွင်ဟန်သစ်က သူ့သားကို လက်ကမချတာပါ။ မိန်းမကိုလည်း ရှယ်ချစ်တာတွေမြင်ရ ဖတ်ရ စောင်ကိုက်ရမှာပါ။ ပြီးတော့ ခပ်မ...