Egal 03

169 34 3
                                    

" ဗျူဟာမှူး ရောက်လာပြီလား? ဒီမှာ ထိုင်ပါ "

၀မ်ရိပေါ် ရှောင်းကျန့် ချပေးသည့် ကုလားထိုင်၌ ၀င်ထိုင်လိုက်ကာ အသံဖမ်းစက်ဖြင့် တိုက်ရိုက်ချိတ်ဆက်ထားသည့်ကွန်ပျူတာ ဘေး၌ ချထားသော နားကြပ်ကို ကောက်ယူ နားထောင်လိုက်သည်။

" ခွန်! ကျုပ်တို့ ခေါင်းဆောင်ကြီး က ဆေးတွေ အချိန်မှီမရောက်လို့ ဒေါသပုန်ထနေပြီဗျ "

" ပြည်ပ ကို တင်ပို့နေတဲ့ ယခင်လမ်းကြောင်း ကလည်း စစ်တပ်က သိမ်းသွားပြီ။ ကျုပ်တို့ လမ်းကြောင်း အသစ်ရှာဖို့လိုတယ်ဗျ။ ခင်ဗျားတို့ရဲ့ မဖြစ် စလောက် စရံငွေနဲ့ ကျုပ်နဲ့ ကျုပ်လူတွေရဲ့ အသက်ကိုတော့ မစတေးနိုင်ဘူး "

" ခွန် ခင်ဗျား ပေးထားတဲ့ ရက်ချိန်းရောက်အောင် မပို့ နိုင်ရင် ဘာလို့ အလုပ်လက်ခံလဲဗျ "

" ဒီမှာ မောင်ရင် ကျုပ်ကတော့ စစ်တပ်ရဲ့ ကျုပ်တို့အပေါ် အာရုံ စိုက်မှုနည်း တဲ့ အချိန်မှ ကျုပ် ဆေးတွေကို ပို့ပေးမယ့် "

" ခွန် ခင်ဗျား! "

လူရွယ်သည် ဒေါသတစ်ကြီး ဖြင့် ခါးကြားမှ သေနတ်ကို ထုတ်ကာ မတ်တပ်ရပ်လိုက်သည် ဆိုလျှင်ပဲ ၎င်းလူရွယ်၏ နားထင်တည့်တည့်၌ အနီရောင် အစက်ကလေးသည် အသက်၀င်လာ၏။

" မောင်ရင့် သေနတ်နဲ့ ကျုပ်ရဲ့။ လက်ဖြောင့်သမား ဘယ်သူ လက်က ပိုမြန်မယ် ထင်လဲ မောင်ရင် "

" ခင်ဗျား! ‌"

ခွန်ချိုင်သည် လူရွယ်၏ လက်ထဲမှ သေနတ်ကို ညင်သာစွာ ဆွဲယူကာ လှည့်ပတ်ကြည့်လိုက်ပြီး

" အီတလီထုတ်ပဲ! "

သုံးလေးပတ်ခန့် သေနတ်အားကြည့်ပြီးမှ လူရွယ်၏ ခါးကြားသို့ နေရာတကျပြန်ထည့်ပေးလိုက်သည်။

" မောင်ရင့်ရဲ့ အီတလီသခင်ကို ပြောလိုက်။ အာရှဆိုတာ ကျုပ်ရဲ့ ကျက်စားရာနေရာပဲ။ သိပ်အတင့်မရဲနဲ့လို့ "

" စနိုက်ပါ ကို ဘယ်က ရှာလာတာလဲ "

" နိုင်ငံတော် သစ္စာဖောက် တစ်ယောက်ပါ။ ကိုယ့်နိုင်ငံ ၀န်ကြီးချုပ်ရဲ့ လုံးခြုံရေး အတွက် တာ၀န်ကျနေတဲ့ လက်ဖြောင့်တပ်သားက ၀န်ကြီးချုပ်ကို ငွေကြောင့် ကိုက် 3000 ကနေ ပစ်သတ်ခဲ့တယ် ဆိုတာ။ " " အခုတော့ ကြေးစားဘ၀မှာ သူကိုယ်တိုင် စစ်တပ်က သူ့ရဲဘော်တွေရဲ့ ခေါင်း ကို ပစ်သတ်ခဲ့တာ ဘယ်နှယောက်မြောက် ဇီဝိန်ချုပ်သွားမှန်း တောင် မရေနိုင်တော့ဘူး‌ပေါ့ "

The Egal Where stories live. Discover now