Extra ( 2 ) U / Z

11.4K 622 82
                                    

U~

'ဆိုင်းခမ်းလျှံ' & 'ဇမ်းသုတ'

'ခမ်း' အိပ်ဆောင်သွားသည့် လမ်းတစ်လျှောက်
နောက်ကနေ တရှုံ့ရှုံ့ငိုရင်း လိုက်လာသူက 'သုတ' ပင်၊ 'ခမ်း' အိပ်ဆောင်ထဲဝင်သွားကာ တံခါးပိတ်သွားသဖြင့် 'သုတ' အဆောင်ရှေ့ ခုံတန်းလျားတွင်သာ ဝင်ထိုင်နေလိုက်သည်။

ခဏကြာတော့ တံခါးဖွင့်သံကြားသဖြင့် 'သုတ' မော့ကြည့်မိတော့ ဆေးသေတ္တာဘူးကိုင်ကာ
ထွက်လာသည့် 'ကိုသုံး'...

" အစ်ကိုလေး.. သခင်လေးက လက်ကဒဏ်ရာကို ဆေးထည့်ပြီး တစ်ခြားအိပ်ဆောင်အလွတ်မှာ
သွားအိပ်ဖို့ပြောပါတယ် ကျွန်တော်လိုက်ပို့ပေးပါ့မယ် "

" ဟင့်အင်း... မောင်ကိုယ်တိုင်ထည့်ပေးမှ
မဟုတ်ရင် ဒဏ်ရာကိုပိုဆိုးအောင် လုပ်ပစ်မှာ
မောင်နဲ့တူတူမအိပ်ရရင် တစ်ညလုံးဒီမှာပဲထိုင်
နေမှာ "

'သုတ' ၏စကားကြောင့် 'ကိုသုံး' ခေါင်းကိုအသာကုတ်ကာ အထဲပြန်ဝင်ရမလား ဘာလုပ်ရမလည်းမသိဖြစ်နေရသည်။ သက်ပြင်းလေးမသိမသာချကာ အထဲကိုပြန်ဝင်သွားလိုက်သည်။

'ကိုသုံး' ပြန်ဝင်သွားပြီး နာရီဝက်ကျော်ကြာသည်အထိ မည်သူမျှထွက်လာခြင်းမရှိ၊ နေ့လည်ကတည်းက ဘာမှမစားရသေးသဖြင့် ဗိုက်ကလည်း ဆာနေပြီဖြစ်ရာ လက်ကပေါက်ပြဲဒဏ်ရာတို့မှာလည်း တဆစ်ဆစ်ကိုက်နေသဖြင့်
'သုတ' ပိုပြီးငိုချင်လာသဖြင့် အားရပါးရ
အော်ငိုပစ်လိုက်သည်။

ခုံတန်းပေါ်ခြေထောက်နှစ်ဖက်ပါ တင်လိုက်ကာ
ဒူးထောင်ထိုင်လျက် လက်တို့‌တင်ကာ ထိုလက်ပေါ်ခေါင်းမှောက်ချ၍ စိတ်ရှိလက်ရှိပင် ထိုင်ငိုပစ်လိုက်သည်။

" ဘယ်ချိန်ထိဒီမှာနေနေဦးမှာလည်း "

‌ဩရှရှနှင့်ထွက်ပေါ်လာသည့် အသံကြောင့် 'သုတ' မော့ကြည့်မိတော့ သူ့ရှေ့တွင်ရပ်နေသည့် 'ခမ်း'.... 'ခမ်း' ကအသက်သုံးဆယ်အရွယ်ဟုပင်
ထင်ရက်စရာမရှိ၊ ဒူးအထိသာရှည်သော ဘောင်းဘီအပွနီညိုရောင်ကို T ရှပ်အပွ
ဆင်စွယ်ရောင်နှင့်တွဲဝတ်ထားကာ ဂုတ်‌ထိအောင်
ရှည်သော ခဲရောင်ဆံပင်တို့အား အနောက်တွင်
စုထုံးထားခြင်းဖြစ်သည်။ ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်ကာ ရပ်နေပုံက
မိမိုက်လွန်းနေသဖြင့် 'သုတ' ပိုငိုချင်လာကာ
ထပ်မံ၍ပင် အော်ငိုပစ်လိုက်သည်။

You're My Beloved ( COMPLETE )Where stories live. Discover now