အပိုင်း ၂၂

91 20 0
                                    

ရှောင်ထန်ချူး ချွေးစေးတွေ ထွက်လာတယ်။ "...ဖာ့ခ်။ဒီသရဲမက ဘယ်လိုလုပ်ပြီး ဆာဒကိုအစွမ်းတွေ ရှိနေတာလဲဟ"

ထန်မြန့်မြန့်ရဲ့ မျက်နှာကလည်း ပျက်ယွင်းနေတယ်။ "ဘာလို့ ငါတို့နောက်ကို လိုက်နေတာလဲ?" သူတို့ သေချာ‌ပေါက် လူစုခွဲပြီး ပြေးခဲ့တာပါ။ ဒါပေမဲ့ ဘာလို့ ဖန်းလန်က သူတို့နောက်ကိုပဲ လိုက်နေရတာလဲ? သူတို့အပေါ်ထားတဲ့ အမုန်းက နည်းနည်း မပိုလွန်းနေဘူးလား?

ရှောင်ထန်ချူးလည်း အပြစ်ရှိစိတ်ဝင်လာတယ်။ စာက ထန်မြန့်မြန့် ပြစ်လိုက်တာဆိုပေမဲ့ သူကသာ သေတ္တာကို ဖွင့်ခဲ့တဲ့လူလေ။ "....လျှောက်ပြောနေမဲ့အစား အရင်ပြေးရအောင်ဟ"

ဘယ်လိုပဲဖြစ်ဖြစ် အခုက အရမ်းနောက်ကျသွားပါပြီ။ မကောင်းဆိုးရွားဝိညာဥ်ရဲ့ အရှိန်က လူသားတစ်ယောက်ထက် အများကြီး ပိုမြန်တယ်။ မျက်စိတမှိတ်အတွင်းမှာတင် ဖန်းလန်က သူတို့ဆီကို တဟုန်ထိုးရောက်လာခဲ့ပြီ။ အဲ့ဒီဖောင်းပွပြီး ပျက်စီးနေတဲ့ မျက်နှာကြီးက အနားကို အရမ်းကပ်လာလိုက်တာ။ ရှောင်ထန်ချူး သူမဆီက ပုတ်အဲ့နေတဲ့အလောင်းနံ့ပြင်းပြင်းကြီးကိုတောင် ရနေခဲ့တယ်။ သူ့စိတ်တွေ အကုန်လွတ်ထွက်သွားသလိုပဲ။

အဲ့အချိန်မှာပဲ သူရုတ်တရက် ဆန်းကြယ်တဲ့ကျောက်စိမ်းဆွဲသီးကို တွေးမိသွားပြီး အမြန်ဆွဲထုတ်လိုက်တယ်။ ဖန်းလန်ဟာ ကျောက်စိမ်းဆွဲသီးကို တွေ့တာနဲ့ သူမအမူအရာတွေက ကျောက်စိမ်းဆွဲသီးကို အလွန်တရာမှ ကြောက်လန့်နေသလိုမျိုး လုံးဝ ပြောင်းလဲသွားတယ်။

ဖန်းလန် ရှောင်ထန်ချူးအနားကို တိုးလာတာကို ရပ်လိုက်တယ်။ ဒါပေမဲ့ ချက်ချင်းပြန်လှည့်ထွက်သွားတာမျိုးလည်း မဟုတ်ဘူး။ အဲ့အစား သူမဟာ သူနဲ့ မနီးမဝေးမှာ ရပ်နေပြီး သူ့ကို ခါးသီးပြီး မုန်းတီးတဲ့အကြည့်တွေနဲ့ ကြည့်နေတယ်။ သူမဟာ သူ့အနားကို ကပ်လာရမှာ ကြောက်ပေမဲ့လည်း ထွက်လည်း မသွားချင်ဘူး။

ဖန်းလန် သူ့ကိုမှ ဘာလို့ တွယ်ကပ်နေလဲ ရှောင်ထန်ချူးစဥ်းစားလို့ မရဘူး။ သူအရမ်းကို စိုးရိမ်နေပြီး နောက်လှည့်ကာ ထွက်ပြေးချင်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူ ဖန်းလန်ကို နောက်ကျောပေးပြီး ပြေးရမှာလည်း ကြောက်တယ်။ သိသိသာသာပဲ ဒီလို ရှေ့မတိုးနောက်မဆုတ်အခြေအနေကြီးကလည်း အကောင်းဆုံးရွေးချယ်မှု မဟုတ်ဘူး။ သူ့မှာ ကျောက်စိမ်းဆွဲသီးကို လက်ထဲမှာ တင်းတင်းဆုပ်ကိုင်ကာ ဖန်းလန်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ရင်း အနောက်ကို ဖြည်းဖြည်းချင်း ဆုတ်ရုံပဲ တတ်နိုင်တယ်။

Game! Live Stream! (MM Translation)Where stories live. Discover now