အတ္တတစ်ခုရဲ့ အမှား EP 28

1K 88 25
                                    

အတ္တတစ်ခုရဲ့ အမှား EP 28

ညကပွဲမှာ ပင်းပန်းသွားခြင်းနဲ့အတူ စိတ်လှုပ်ရှားက အတွေးတွေခေါင်ထဲဝင်နေခြင်းကြောင့် ညက တော်တော်နဲ့အိပ်မပျော်ပဲ မနက် နေမြင့်မှ နိူးလာခဲ့သည် ကျောင်းပိတ်ရက်ဖြစ်ခြင်းကြောင့် သူ့ကိုဘယ်သူမှ လာမနိူးတာ သတိထားမိပြီး အိပ်ယာက ထထိုင်ပြီး ‌အတွေးတွေကို ခါရမ်းပစ်လိုက်သည်

ပထမဆုံး လိုက်ကာလေးကို အရင်ဖွင့်ကြည့်လိုက်ချိန် ကားဂိုထောင်ဖတ်မှာ မရှိတော့သည့်ကားကြောင့် ကိုကြီးအလုပ်သွားပြီးပဲ တွေးလိုက်ကာ ဘေစင်ရှိရာ ရေချိုးခန်းသို့ဝင်လာချိန် အဆင်သင့်ရှိနေတဲ့ အရာတွေကြောင့် မျက်လုံးအရောင်တို့က တောက်ပသွားပြီး နူတ်ခမ်းတို့ ကွေးညွှတ်သွားခဲ့သည်

အေးမြတဲ့ ရေရဲ့အထိအတွေ့မှာ စိတ်တို့ လန်ဆန်းသွားခဲ့ပြီး အဆင်သင့်ရှိနေသော သွားတိုက်တံလေးကိုယူတိုက်ပြီး ကိုကြီးရဲ့ ဂရုစိုက်မူ့သေးသေးလေးတွေကိုပဲ ရင်ခုန်ကြည်နူးနေမိခဲ့ပြန်သည်

ဂျီ ရေချိုးပြီး ထွက်လာချိန် စားကြည့်စားပွဲမှာ ထိုင်နေတဲ့ ကိုကြီးကိုမြင်ပြီ တိတိတဆိတ် ချဉ်ကပ်သွားပြီး အနောက်ကနေဖတ်လိုက်တော့ ရေချိုပြီးစ ဆပ်ပြာနံသင်းသင်းလေးက ‌နာခေါင်ထဲအလုအယက်တိုးဝင်လာခဲ့သည်

မွှေးနေတဲ့ ပါပြင်နုနုလေးကို နမ်းလိုက်မိ၏

🐰""အိပ်ပုပ်လေး နိူးပြီးလား""

🐥""အင်း ဘာလို့မနိူးလဲ ""

🐰""ပိတ်ရက်မို့လေ လာ ""

ဆုံလည်ကုလားထိုင်လေးမို့ ခုံကိုလှည့်ပြီး ရပ်နေတဲ့ ဂျီ ခန္ဓာကိုယ်လေးကို ဆွဲချပြီး ကလေးလေတစ်ယောက်လို သူ့ပေါင်ပေါ်တင်ပြီး ဖတ်ထားလိုက်မိသည်

🐥""ကိုကြီး ပြောစရာရှိလား""

မေးလာမယ်ဆိုတာ တွက်ပြိးသားမို့ ကုမ္မဏီမှာ ညွှန်ကြားစရာရှိတာ ညွှန်းကြားပြီး ပြန်လာခဲ့ခြင်းဖြစ်ပေမယ့် မသိခြင်းယောင်ဆောင်ပြီး မေးလိုက်သည်

🐰""ဘာကိုလည်""

ငယ်စဉ်ကတည်းက ရင်နှီးခဲ့သူမို့ ပါးစပ်ဟရင်အူးဘယ်နခွေးရှိလည် သိပြီးသားမို့ အလိုက်သင့်လေ မေးလိုက်ခြင်းသာ ဖြစ်၏

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now