U~
'ဆိုင်းခမ်းလျှံ' & 'ဇမ်းသုတ'
Warning ⚠️
Warning ပိုင်းတွေကို Ss ရိုက်ပြီးလိုင်းပေါ်မတင်ကြပါနဲ့နော်........။
" 'ဇမ်းသုတ'!! "
" ငါတစ်ကယ်ဆုံးဖြတ်ပြီးပြီ "
" မင်းကွာ... "
'ရှိုင်း' အားမလိုအားမရဖြစ်ကာ ရေရွတ်လိုက်မိသည်။ 'သုတ' ကသစ်ပင်အောက်ရှိ ခုံတန်းလျားတွင် ထိုင်နေခြင်းဖြစ်ရာ 'ရှိုင်း' ကရှေ့တွင် ခါးထောက်လျက်မတ်တပ်ရပ်နေခြင်းဖြစ်သည်။
" အဲ့လောက်ထိ လိုလို့လား... "
" မင်းတောင်လုပ်ခဲ့သေးတာပဲ "
" မတူဘူးလေကွာ... ငါကမင်းလိုမှမဟုတ်တာ "
" ငါဆုံးဖြတ်ပြီးပြီ 'ရှိုင်း' "
'သုတ' ၏စကားကြောင့် 'ရှိုင်း' သက်ပြင်းသာချလိုက်မိသည်။
" 'ခမ်း' ကိုပြောပြီးပြီလား "
" ဟင့်အင်း... "
" မင်းပျော်မှာ သေချာရဲ့လား "
" အင်း... မောင့်အတွက်ဆိုရင်အရာအားလုံးကို
စွန့်လွှတ်ရဲတယ် 'ရှိုင်း' ငါအမှားတွေလုပ်ခဲ့ပြီးပြီ မောင်လည်းအများကြီးခံစားခဲ့ရပြီးပြီ
ငါထပ်ပြီး မရူးမိုက်ချင်တော့ဘူး 'ရှိုင်း' "" မင်းအခုလုပ်နေတာကမှ ရူးမိုက်တာ
မဟုတ်ဘူးလား... ဟမ်! ငါကမင်းနဲ့
ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ကောင်ပါကွ!
မင်းရဲ့ဝါသနာအပေါ်မှာ ရူးသွပ်မှုတွေ
ဒီလမ်းကိုရွေးချယ်နိုင်ဖို့ မင်းစွန့်လွှတ်ခဲ့တာတွေ
မင်းငိုကြွေးခဲ့ရတဲ့ နေ့ရက်တွေ မင်းဘယ်လောက်ထိ ပေးဆပ်ခဲ့ရလည်း..."" မင်းပြောသလိုပဲ ငါ့အတွက် ငါ့ရဲ့ဝါသနာက ပထမဦးစားပေးဖြစ်ခဲ့တယ် 'ရှိုင်း'....
ဒါပေမယ့် မောင်နဲ့ယှဉ်လာရင်တော့
မောင်ကငါ့အတွက်အရာရာပဲ...
မောင်သာငါ့အနားမှာမရှိတော့ရင်
ငါရှင်သန်နိုင်မှာမဟုတ်ဘူး... "" မင်းဆုံးဖြတ်ပြီးပြီဆိုတော့လည်း
ဘယ်တက်နိုင်မလည်း... "" အသက်... "
'ရှိုင်း' နှင့် 'သုတ' ရှိရာသို့ ရောက်လာကာ 'သုတ' ဘေးတွင်ဝင်ထိုင်လာသည့် 'ခမ်း'....
YOU ARE READING
You're My Beloved ( COMPLETE )
RomanceMyanmar × BL Uni/Zaw [ 3 ] Warning..... My Best Friend Becomes My Husband Season 2 Start Date: 20.11.2023 End Date: 30.1.2024 Photo Crd