Part -4

7K 152 2
                                    

(Unicode)

အချစ်တွေသာ စစ်မှန်ခဲ့လျှင်

Part-4

ခြည်ဒီနေ့မနက် ကော်ဖီဖျော်ကာ ကိုကို့အခန်းဆီသွားတော့ ဘဲလ်တီးခေါ်ပေမယ့် ခေါ်မရဖြစ်နေတာကြောင့် စိုးရိမ်စွာ ကိုကို့ကို ဖုန်းခေါ်လိုက်သည်။

"တီ....."

ဖုန်းသာခေါ်လိုက်ရပေမယ့် ကိုင်မယ် မထင်ထားသော်လဲ ဖုန်းဝင်ပြီး ခဏအကြာ ကိုကို့ဘက်က ကိုင်လိုက်လေသည်။

"ဟဲလို"

ကိုကို့ရဲ့အသံကြည်ကြည်လေးက တိုးဖျော့စွာ ထွက်ပေါ်လာ၏။

"ကိုကို ခြည်ပါ"

"အင်း"

"ကော်ဖီလာပေးတာ ခေါ်မရလို့ ကိုကို"

"ထားခဲ့လိုက်"

ကိုကို့အသံက အရမ်းကို တိုးဖျော့လွန်းတာကြောင့် ခြည်စိတ်ပူသွားရ၏။

"ကိုကို နေမကောင်းဘူးလားဟင်"

ခြည်မေးလိုက်တော့ တိတ်ဆိတ်သွားလျက်၊ ခဏနေကျမှ ပြန်ဖြေလာသည်။

"အင်း"

"ကိုကို ထနိုင်ရင် ခြည့်ကို တံခါးလာဖွင့်ပေးပါလားဟင်၊ ခြည်လာကြည့်ပါ‌ရစေ"

ခတ္တတိတ်ဆိတ်သွားပြန်သည်၊ပြီးနောက်..

"Password ပို့လိုက်မယ်"

ပြောကာ ဖုန်းချသွားပီးနောက် ကိုကို့ဆီမှ မက်ဆေ့ဖြင့် password ပို့လာခဲ့သည်။

ခြည်အခန်းတံခါးကို  password ရိုက်ထည့်ရင်း မျက်ရည်တွေ ဝဲလာမိ၏။ ကိုကိုက ခုဆို ခြည့်ကို ပိုရင်းနှီးလာသလို ခံစားရ၏။ သူ့အခန်း password တောင် ခြည့်ကိုပေးလာတာဆိုတော့ ခြည့်အပေါ် ကိုကိုက ယုံကြည်မှုထားပေးတာဖြစ်သည်။ခြည်ဝမ်းသာလွန်းလို့ မျက်ရည်တွေ ဝဲတက်လာမိသည်အထိပင်။

ခြည်ကိုကို့အခန်းထဲရောက်တော့ ဧည့်ခန်းက တိတ်ဆိတ်စွာ ကိုကိုက နေမကောင်းတာကြောင့် အိပ်ခန်းထဲမှာသာ ရှိလောက်သဖြင့် ကိုကို့အိပ်ခန်းဟုထင်ရသော အခန်းကို တံခါးခေါက်လိုက်သည်။

"ကိုကို...ခြည်ဝင်လာပြီနော်"

အသိပေးကာ ဝင်လာခဲ့လိုက်သည်။ ကိုကို့အိပ်ခန်းထဲရောက်တော့ တစ်ခန်းလုံးက မီးခိုးရောင်တွေကြောင့် ခြည်စိတ်တွေပါ ထိုင်းမှိုင်းလာသလိုပင်။ မီးခိုးရောင် အိပ်ယာပေါ်ဝယ် စောင်ထူထူအောက် ကိုကိုက အိပ်စက်နေသည်။ ခြည်ပြတင်းလိုက်ကာတွေ ဖွင့်၍ လေအဝင်ထွက်ကောင်းစေပြီး ကိုကို့ဘေးနားသွားကာ

အချစ်တွေသာ စစ်မှန်ခဲ့လျှင် (Completed)Where stories live. Discover now