နွေဦးကုန်လို့ သစ်ရွက်ကြွေများမြေပေါ်ကျ၍ မိုးဦးတစ်ဖန်ပြန်ရောက်တော့မည်ဖြစ်သည်။ အပင်လေးများနှင့် ပန်းကလေးများလည်း တစ်ဖန်ပြန်လည်ဖူးပွင့်စိမ်းလန်းလာတော့မည်။ ထို့အတူ ကျောင်းသားကျောင်းသူကလေးများလည်း ကျောင်းဖွင့်ရက်ပထမဦးဆုံးနေ့ ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေသည့်အချိန်...။ ထိုထဲတွင် ပတ်ခ်ဂျုံဆောင်း ဟုခေါ်သော ကောင်လေးတစ်ယောက်လည်းအပါအ၀င်ဖြစ်သည်...။
"သားရေ...ဂျုံဆောင်း မပြီးသေးဘူးလားကွယ်။ ကျောင်းကဒီလိုနဲ့နောက်ကျတော့မှာဘဲ"
ဆိုလ်းမြို့လယ်ခေါင်ရပ်ကွက်လေးတစ်ခုရှိ အိမ်လေးတစ်အိမ်မှ မိခင်ဖြစ်သူဆီထံမှထွက်ပေါ်လာသောအသံ..။
ထိုအခါ အိမ်ပေါ်အထပ်မှ ၀ရုန်းသုန်းကားပြေးဆင်းလာသော သားဖြစ်သူ။ ဆံပင်များသပ်ရပ်စွာ ပုံသွင်းထားကာ ယူနီဖောင်းလည်းသေချာ၀တ်ဆင်ထား၍ ပြေပြစ်သောမျက်နှာ၊ ခန္ဓာကိုယ်အရွယ်အစားဖြင့် ကြည့်ကောင်းနေသော ကောင်လေးတစ်ယောက်။
"ပြီးပါပြီ မေမေရယ်။ ပထမဦးဆုံးနေ့ဆိုတော့ သေချာပြင်ဆင်နေရလို့ပါဗျ"
အမေဖြစ်သူအား ဖက်ကာ ပျားရည်လောင်းထားသောအသံဖြင့် ကပ်ချွဲနေသောပုံစံသည် ကြောင်ပေါက်လေးတစ်ကောင်အလား။ ထိုအခါ မိခင်ဖြစ်သူက ရယ်သွမ်းသွေးကာ....။
"ကျွန်မသားလေးက ဘယ်လိုနေနေကြည့်ကောင်းပါတယ်တော်။ ကဲပါ...မနက်စာစားရအောင်"
ဂျုံဆောင်းက တက်ကြွသောခြေလှမ်းများဖြင့် ဖိနပ်စင်နားပြေးကာ...။
"တော်ပြီမေမေ။ သားဒီနေ့ကျောင်းကိုနည်းနည်းစောရောက်ချင်လို့။ ဒီရာသီဥတုလေးနဲ့ သားလမ်းလည်းလျှောက်မလို့။ သွားပြီမေမေ။ ပတ်ခ်ဂျုံးဆောင်းက ချစ်တယ်နော်"
ထိုသို့ တရစပ်ပြောကာ အိမ်အပြင်ပြေးထွက်သားသော သားဖြစ်သူအား ခေါင်းတစ်ခါခါ။
🌷♡♡🌷
ဂျုံဆောင်းကအခုဆို အထက်တန်းနောက်ဆုံးနှစ်။ အသက်ကတော့ 19 နှစ်ထဲ၀င်နေတဲ့ လူပျိုလေးပေါ့။ အမေတစ်ခုသားတစ်ခုဘ၀လေးမှာ ဂျုံဆောင်းရဲ့ကမ္ဘာဟာ မိခင်ဖြစ်၍ မိခင်ဖြစ်သူ၏ အားကိုးရာဟာလည်း သူဖြစ်သည်။ ဂျုံဆောင်းတို့က မချမ်းသာပေမဲ့ သူများနည်းတူ သုံးနိုင်စွဲနိုင်ပါသည်။