part_4

749 64 4
                                    

"အသားတွေလတ်တယ်နော် ရေမထိုးထားဘူး ကောင်လေးယူမှာလား"

ဒီနေ့အန်တီလေးစျေးသို့သွား၌ကြာညိုကိုခေါသွားသည် ကြာညိုသည် စျေးသည်ကိုကြည့်ရာမှစျေးသည်ကားထို့သို့ပြောလာသည်

"မ မယူတော့ပါဘူး"

စျေးခြင်းတောင်းကိုကိုင်ထားရင်းဘေးကြည့်လိုက်မိတော့ အန်တီလေးမရှိနေ အန်တီလေးအားအရှေ့က ကုန်စိမ်းသည်ဆီမှ ချဉ်ပေါင်၀ယ်နေသည် ထင်သည် ခြင်းတောင်းကိုင်ပြီး အပြေးလွှားအန်တီလေးနားသို့သွားချိန်

"အ့ "

"ရရဲ့လား"

ဘုတ်ခနဲ့ဖင်ထိုင်ရက်ကျသွားသူကို နေယံခေါင်မေးလိုက်သည်

"ဟုတ် တောင်းပန်ပါတယ် မမြင်လိုက်လို့ပါ"

မော်ကြည့်လာသောမျက်၀န်းပြာလေးက သိပ်ကိုလှသည်

"ရပါတယ် နောက်ဆို ဂရုစိုက်နော်"

"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ"

ပြုံးပြပြီးပြောလာသောထိုကောင်လေးအား ​ငေးကြည့်နေခဲ့မိသည်ထင်သည် ခေါင်းတစ်ချက်ငြိမ့်ပြလိုက်တော့ ထိုကောင်လေးသည် အနားကနေထွက်သွားသည်

နေယံခေါင်လဲ တခြားဂိုဏ်းတွေက ခြုံခိုတိုက်မှာကိုသတင်းရတာကြောင့်စျေးသို့လာခဲ့သည် သို့သော် ဘာမှလှုပ်လှုပ်ရှားရှားမရှိတာကြောင့်အိမ်သို့ပြန်ခဲ့သည်

မေဘယ်လ်ကာချယ်

"ကာချယ် အဆင်ပြေရဲ့လား"

ဘေးနားကနေယပ်တောင်တဖျတ်ဖျတ်ခတ်ရင်းမေးလိုက်သည် ထိုသူက gayတစ်ယောက် မီးမီးလို့ခေါတဲ့တစ်ယောက်

"မီးမီး ကာချယ် ပင်ပန်းနေပြီ ရှုတင်ဘရိတ်လိုက်တော့"

"အင်း အင်း"

အတိတ်

မေဘယ်လ်ကာချယ်ဆိုသူသည် သိပ်ကိုမာနကြီးသူ ခန္ဓာယ်​ကောက်ကြောင်းသိပ်လှသူ ရုပ်ရည်ကလဲ နတ်သမီးအလား သူမဘယ်လောက်လှလဲဆိုရင် မပြင်ဆင်ပဲနေရင်တောင် လှနေတာမျိုးး ဒါကြောင့်လဲမာနရှိတာတော့မဆန်း အထက်တန်းဆန်ဆန်စကားပြောသူ သူမနဲ့ခင်မင်ရင်းနှီးလျှင်ထိုသို့မပြော ဒါဟာ လူမှုရေးအရပင်
ဒေါန နဲ့သူမဟာ တက္ကသိုလ်တုန်းက သိပ်ချစ်ကြတဲ့စုံတွံပင်
မေဘယ်လ်ကာချယ်သည် သူမရည်မှန်းချက်နောက်ကိုလိုက်ရင်း ဒေါနကိုပစ်ပယ်ထားခဲ့သည် ဒေါနသည်သူသိပ်ချစ်ရတဲ့အမျိုးသမီးမေဘယ်ကာချယ်ကို ဘယ်ယောင်္ကျားသားမှထိတွေ့တာမကြိုက် ဒါဟာသိပ်ချစ်လွန်းလို့ သ၀န်တိုမိတာပင် ဒီရုပ်ရှင်မင်းသမီးဆိုတာ ကျရာဇာတ်ကောင်နဲ့ လက်ချိတ်တာရှိမယ် နမ်းတာရှိမယ် ဒါတွေကိုဒေါနမကြိုက် ဒေါနတားခဲ့သည်

ကြာငယ်ရဲ့ပုံပြင် Where stories live. Discover now