《18》

1K 41 2
                                    

နောင်ရိုးနေမကောင်းတဲ့တစ်နေ့လုံး ခွင့်ယူပြီးနားပစ်လိုက်သည်
နောက်နေ့သက်သာသွားတော့မှ သေချာပြင်ဆင်ရင်းအောက်ထပ်သို့....

"ရို...ဘယ်သူများလဲလို့
ယောက်ျားတန်မဲ့ ငွေအတွက်သူများကုတင်ပေါ်ဖက်တက်နေတက်ကောင်ပါလား"

မနက်စာစားဖို့ထမင်းစားခန်းထဲခြေချလိုက်သည့်နှင့်တပြိုင်နက်
မနေ့ကမိန်းကလေး၏ရွဲ့စောင်းသံကိုကြားလိုက်ရသည်
နောင်ရိုးအနေနဲ့ဒီမိန်းကလေးနဲ့ဖက်ပြိုင်ပြီးရန်မဖြစ်လိုပေ
ဒါကြောင့်ထမင်းစားခန်းထဲမှဆန်ကနဲပြန်လှည့်ထွက်လိုက်သည်

"ရပ်လိုက်စမ်း!!"

အိန်ဂျယ်မိမိကိုဖုတ်လေငပိရှိတယ်လို့တောင်မထင်တဲ့ကောင်ကြောင့်
ဒေါသတို့ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး နောင်ရိုးနောက်အမှီလိုက်ကာ နောက်မှဆောင့်တွန်းလိုက်သည်
ရုတ်တရက်ဖြစ်သွားတာကြောင့် နောင်ရိုးမှာအရှိန်မထိန်းနိုင်ပဲ ကြမ်းပြင်ပေါ်သို့လဲကျသွားခဲ့သည်

"ဒါဘာတွေဖြစ်နေတာလဲ! "

ရမ်လဲကျနေတဲ့အကို့ကိုအပြေးအလွှားသွားထူပြီး
မိန်းမယုတ်မကိုခပ်စူးစူးကြည့်လိုက်သည်
သူ့ boss အမိန့်အရ သူ့သားရဲ့လူကိုရမ်ကာကွယ်ပေးရမည်
အခုတော့ဒီအမျိုးသမီးကထိခိုက်ရဲတယ်!

အိန်ဂျယ် သူဆီပို့လွှတ်လာတဲ့အကြည့်စူးစူးကြောင့်တုန်တက်သွားသော်လည်း
ကိုယ့်ကိုယ်ကိုပြန်ထိန်းလိုက်သည်
ကိုကိုကသိပ်မကြာခင်သူဘက်ပြန်ပါတော့မှာဆိုတော့ သူဘာမှကြောက်စရာမလိုတော့ဘူး

"မင်းကိုယ်မင်းဘာထင်နေလို့ သူ့ကိုထိခိုက်ရဲတာလဲ! "

"ဘာထင်နေလို့လဲဟုတ်လား
ဒီအိမ်ကြီးသခင်မဖြစ်လာမဲ့သူလို့ထင်တာလေ"

အရှက်မရှိမျက်နှာပြောင်တိုက်လွန်းသည့်မိန်းမကိုရမ်အတော်လေးရွံရှာမိသည်
နောင်ရိုးလည်းထိုနည်းတူစွာပင်...
သို့သော်သူကရွံရှာရုံမကရှက်လည်းရှက်မိသည်
သူရာထူးအဆင်အတန်းနှင့်ဆို လူအများလေးစားမခံရရင်တောင်
စော်ကားမော်ကားလည်းပြောရဲကြမည်မဟုတ်ပေ
အခုတော့ lion ကြောင့်သူ့မှာအမျိုးသမီအထင်သေးနှိမ့်ချခြင်းကိုခံနေရပြီ

Mr.LionWhere stories live. Discover now