Part-27(Uni&Zawgyi)

276 15 0
                                    

ညီ အခနိးထဲကနေပီး အိတ်ထုတ်လေးတစ်ခုကိုယူလာခဲ့ပီး ကျူးကိုပေးလိုက်သည်

''တန်းဖိုးတော့သိပ်မကြီးပေမဲ့ ကျူးနဲ့လိုက်မယ်ထင်လို့ဝယ်လာခဲ့တာ ကျူးမကြိုက်လို့မဝတ်ချင်လည်း ကျွန်တော်အဆင်ပြေပါတယ်''

''ဘယ်ကမကြိုက်ရမှာလဲ နင်ဘာပေးပေးငါကအမြတ်တနိုးနဲ့ တန်ဖိုးထားမှာ ဘာလို့လဲဆိုတော့ ငါတန်ဖိုးထားတဲ့သူက ငါ့ကိုလက်ဆောင်ပေးတာမလို့လေ''

''ကျူးကတော့ ကျွန်တော်ကိုအမြဲတမ်းရင်ခုန်အောင်လုပ်နေတာဘဲဗျာ ''

''နင့်ကိုရင်ခုန်အောင်လုပ်တာမဟုတ်ပါဘူးနော် ငါ့ရင်ထဲကခံစားချက်အစစ်အမှန်တွေကိုပြောပြတာပါ အိတ်ထဲကဘာလေးလဲ ငါဖွင့်ကြည့်လိုက်အုံးမယ်''

''အင်း ဖွင့်ကြည့်လိုက်ပါ''

ကျူး အိတ်ကိုဖွင့်ကြည့်လိုက်တော့ ဖဲပွင့် ဆံညှပ် အနီနဲ့အဖြူကိုတွေ့ရပီး ထိုအောက်တွင် အနီရောင်အင်္ကျီလေးတစ်ထည်ကိုတွေ့တာမို့ သူမဖြန့်ကြည့်လိုက်တော့ ဂါဝန်လေးက ခန္ဓာကိုအကပ်ဖြစ်ပီး ဒူးအထက်လေးမှဝဲသွားကာ အင်္ကျီလက်ကအတိုအဖောင်းလေးဖြစ်ပီး ရင်ပြတ်ကိုမှ လည်ပင်းလုံပီးကြိုးစည်းရသည့်ဟာလေးဖြစ်သည်

''ကျူးကြိုက်လားဟင်''

''အင်း အရမ်းကြိုက်တယ် ဒါနဲ့နင်ဘယ်တုန်းကဝယ်လိုက်တာလဲ''

''ဆံညှပ်လေးတွေက ဒီနေ့မနက်ကမှဝယ်လိုက်တာ အင်္ကျီကတော့ ဟိုတစ်ခါကျူးကျွန်တော်ကိုစိတ်ဆိုးသွားတုန်းကဝယ်လာတာ အဲ့တုန်းက ကျူးကိုပေးဖို့ဝယ်လာပေမဲ့ ကျူးကစိတ်ဆိုးတာနဲ့မပေးဖြစ်လိုက်တာ''

''ငါ အဲ့တုန်းကအရမ်းဆိုးတာဘဲနော် နင့်ကိုနားလည်မပေးနိုင်ခဲ့ဘူး''

''ဟောဗျာ အဲ့တုန်းက ကျူးမှာလည်း ကျူးခံစားချက်နဲ့ကျူးဆိုတော့ ဒီတိုင်းနားလည်မှုလွဲသွားတာပါ ဒါပေမဲ့ အခုကျူးက ကျွန်တော်ကိုစိတ်ဆိုးပြေတဲ့အပြင် ကျွန်တော်ရဲ့ချစ်သူလေးပါဖြစ်လာတာ ကျွန်တော်တော့ အရမ်းပျော်နေတာ''

''ကောင်စုတ်လေး လူကအတည်ပြောနေတာကို ထဖောက်နေတယ် ဒါပေမဲ့ ငါကတိပေးတယ်သိလား အခုကစပီး နင်ရှင်းပြတာကိုအရင်နားထောင်မယ်''

My boyfriend is an authorWhere stories live. Discover now