Episode 39

802 53 34
                                    

Unicode

နွေလယ်ခေါင်ရဲ့ ညတွေဟာ သာမာန်ညတွေထက် ပူပြင်းပေမယ့် တည်တံ့တို့ မြို့လေးမှာတော့ အပူဒဏ်ကို အနည်းငယ်မျှသာ ခံစားရသည်။

အိပ်၍လည်းမပျော်တာကြောင့် ဝရံတာဘက်ထွက်ကာ ခဏတာမျှလမ်းလျှောက်ထွက်လိုက်သည်။အခန်းထဲက ဂစ်တာဆီ အကြည့်ရောက်သွားတော့ သီချင်းဆိုချင်စိတ်ပေါက်လာသည်မလို့ ဂစ်တာကို ဆွဲကာ ဝရံတာလက်ရန်းပေါ်တက်ထိုင်လိုက်သည်။

စိတ်ပြေလက်ပျောက်သီချင်းတစ်ပုဒ်ဆိုရန် တွေးထားသော်လည်း တစ်ဖက်က ဝရံတာဆီ အကြည့်ရောက်သွားတာကြောင့် ဆိုချင်စိတ်ပင်မရှိတော့ချေ။

📱တူ တူ တူ တူ တူ

တွေးနေတုန်း ဖုန်းဝင်လာသည်မလို့ ဝရံတာပေါ်က ဆင်းကာ ကုတင်နားထိ ပြန်လျှောက်သွားလိုင်သည်။ဖုန်းသံပိတ်မိထားသည်ကြောင့် တုန်ခါနေသည့်ဖုန်းအား ကြည့်မိတော့ ခေါ်နေသူက မိုးသည်း။အံ့သြသွားတာကြောင့် ပါးစပ်မဟနိုင်ခင်မှာပင် ဖုန်းက ကိုင်ပြီးသားဖြစ်နေလေပြီ။

"မိုးသည်း?"

- အင်း၊

"ဒီအချိန်ကြီးကျမှ ဘာလို့လဲ တစ်ခုခုဖြစ်လို့လား?"

- မဖြစ်ပါဘူး၊

"အော်..."

- (.....)

"ဒါဆို ဘာဖြစ်လို့လဲ"

- မင်းအိပ်မအိပ်သိချင်လို့ ခေါ်ကြည့်တာ၊နောက်ပြီး လွမ်းလို့၊

မိုးသည်းရဲ့ ထိုစကားကြောင့် တည်တံ့လစ်ခနဲ ပြုံးမိသွားသည်။ကိုယ်ကရော မလွမ်းလို့လား။

- တည်တံ့~~

"ဟင်...ပြောလေ မိုးသည်း"

- အခုဘာလုပ်နေလဲ?

"အစောကတော့ သီချင်းဆိုမလို့ လုပ်နေတာ အခုတော့ မင်းနဲ့ဖုန်းပြောနေပြီ"

- သီချင်း? ဟုတ်သားနော် ငါမင်းအသံကို မကြားရတာကြာပြီ၊ငါလဲ နားထောင်ချင်တယ် ဆိုပြပါလား?

ထိုစကားကြားတော့ တည်တံ့မှာ အသည်းတယားယားဖြစ်လာသည်။အခုဟာက တည်တံ့ကိုချွဲနေတာနဲ့ မတူဘူးလား?မတူဘူးလားလို့!!

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Tahanan ng mga kuwento. Tumuklas ngayon