Extra ( 4 ) U / Z

10.3K 460 17
                                    

U~

'ဦးရာဇဝင်' & 'ရှိုင်းစက်ထည်ဝါ'

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီးလိုင်းပေါ်မတင်ကြပါနဲ့နော်........။

ဒေါက်! ဒေါက်!

" 'ဦးရာ'... ရေအကြာကြီးမချိုးနဲ့လေဗျာ "

" ကိုယ်ပြီးပြီ ကလေးငယ် "

'ဦးရာ' ရေချိုးခန်းကထွက်လာတော့ ရှေ့တွင် တဘက်လေးကိုင်ကာ ဆူပုတ်ပုတ်နှင့် ရပ်နေသည့် 'ရှိုင်း' ကြောင့် 'ဦးရာ' ပြုံးမိသွားသည်။

'ဦးရာ' ကခါးတွင်တဘက်တထည်ထဲသာ
ဝတ်ဆင်ထားရာ 'ရှိုင်း' ကအနားကိုတိုးလာ၍
လက်ထဲက တဘက်ဖြင့် 'ဦးရာ' ၏ဆံပင်တို့အား သုတ်ပေးလာသဖြင့် 'ဦးရာ' 'ရှိုင်း' ၏ခါးလေးကို ဆွဲပွေ့ထားလိုက်သည်။

" ဆောင်းရာသီကဝင်နေပြီဗျ ရာသီအကူးအပြောင်းက ဂရုစိုက်မှရတယ် "

" ကိုယ်သိပါတယ် ကလေးငယ်ရယ် "

" သိရင်ဆင်ခြင်လေဗျာ နောက်ကနေအကုန်လိုက်ပြောနေရတယ် "

" ကလေးငယ်က စိတ်ပူလွန်နေတာပါကွာ "

" 'ဦးရာ' ကအသက်ကြီးပြီလေဗျာ... "

ပြွက်!

" ကိုယ်ဘယ်လောက်ကျန်းမာသန်စွမ်းပြီး
အမောခံနိုင်လည်းဆိုတာ ကလေးငယ်အသိဆုံး "

" ဘာဖြစ်ဖြစ်လေဗျာ ဂရုစိုက်မှရတယ်
အသက်ကတစ်ရက်ထက်တစ်ရက်ကြီးလာမှာ "

ပြွက်!

" ကလေးငယ်ကကွာ ဒီအသက်ပဲ
လာထိခိုက်တယ် ကိုယ်အခုမှ အသက်
လေးဆယ့်ခုနှစ်ပဲ ရှိသေးတာပါကွာ "

" အဲ့ဒါကြောင့်ပြောတာပေါ့
နောက်သုံးလေးနှစ်ဆို လူအိုရုံပို့လို့ရတဲ့
အရွယ်ရောက်နေပြီ "

ပြွက်!

" ကိုယ့်ယောက်ျားကိုယ် အဲ့သလိုပဲ
ပြောရသလား "

" မှန်‌တာပြောတဲ့ဟာကို "

'ရှိုင်း' ကပြုံးတုံ့တုံ့မျက်နှာလေးနှင့် ပြောလာတော့ 'ဦးရာ' 'ရှိုင်း' ကိုပွေ့ချီလိုက်ကာ မွေ့ယာဘက်လျှောက်သွားလိုက်သည်။

" 'ဦးရာ' ဘာလုပ်မလို့လည်း "

" လုပ်နိုင်ကိုင်နိုင်တုန်းလေး စားစရာရှိတာ
စားရမယ်လေ နောက်သုံးလေးနှစ်နေရင်
လူအိုကြီးဖြစ်ပြီး မစားနိုင်တော့မှာစိုးလို့ "

You're My Beloved ( COMPLETE )Wo Geschichten leben. Entdecke jetzt