"ငါဓားနဲ့ထိုးမှာနော်! ငါအပြင်ထွက်မလို့! လမ်းဖယ်ကြစမ်း!!"
"ဟဲ့! ဟဲ့ လုပ်ကြပါဦးဟယ် ဓားကြီးတရမ်းရမ်းနဲ့ "
"အား!!! မထိနဲ့ !!အား!!!"
လုံခြုံရေးများကအဝေးမှကျဥ်စက်နဲ့တို့လိုက်၍ စိတ်ဖောက်ပြန်နေသောသူမေ့လဲသွားသည်။ သွန်းပြည့်တို့ဆေးရုံရဲ့ မရိုးနိုင်တဲ့မြင်ကွင်းပါပဲ။ အရက်ကြောင်ဆေးကြောင်များအပြင် မိဘမောင်နှမများမျက်စိရှေ့သေဆုံးတာကိုမြင်တွေ့ခဲ့ရ၍ စိတ်လွတ်ကြသူများလဲရှိ၏။
ထိုသူတွေကတော့အရက်ဆေးကြောင်သလိုမဟုတ်ပဲ အနားကိုဘယ်သူ့မှအကပ်မခံကာ အမြဲတမ်းတယောက်ထဲနေလေ့ရှိသူများဖြစ်သည်။ လူ့ဘဝဆိုတာ ဘယ်လောက်ပဲချမ်းသာပါစေ ကိုယ်ကျန်းမာမှ ပျော်ရွှင်ရမယ်ဆိုတာ သွန်းပြည့်ဒီဆေးရုံရောက်မှသာသိတော့၏။
"သွန်းပြည့်ရေ ဆရာထွဋ်ခေါင်ခေါ်နေတယ်...သွားလိုက်ပါဦး"
"ဟုတ်မသူ...ဧည့်တွေ့ခန်းမှာလား"
"ဟုတ်တယ်မောင်လေး"
သွန်းပြည့်ကမေတ္တာဟန်ချီ ပုဂ္ဂလိကစိတ်ကျန်းမာရေးဆေးရုံ၏ အကူဆရာဝန်ဖြစ်သည်။မိဘမဲ့ကျောင်းမှာကြီးပြင်းခဲ့ရပေမယ့် ဝါသနာကဆရာဝန်ဖြစ်တဲ့အတွက် အမှတ်မှီအောင်ကြိုးစားရင်း ပညာသင်ထောက်ပံ့ကြေးတွေနဲ့ဆေးကျောင်းတက်
ခွင့်ရခဲ့၏။ ဒီဆေးရုံမှာမဝင်ခင် ကျူရှင်တွေမှာဂိုက်ပြလုပ်ခဲ့ဖူးသည်။ အရွယ်တွေကသိပ်မကွာတဲ့အပြင် တချို့သူဌေးသားသမီးတွေကဂျစ်ကန်ကန်မို့ သူ့အတွက်အဆင်မပြေတော့တဲ့အတွက် ဆေးရုံကြီးမှ ဆရာမကြီးမျိုးမျိုးဇင်အကူညီဖြင့် ဒီဆေးရုံမှာလုပ်ခွင့်ရခဲ့သည်။စိတ်ဖောက်ပြန်ချိန်ကလွဲရင်ကျန်တဲ့အချိန်တွေဆို လူကောင်းတွေထပ်စိတ်ထားကောင်းလွန်းကြတဲ့သူလေးတွေကို သွန်းပြည့်လဲဂရုဏာသက်ကာ ပိုဂရုစိုက်ပေးဖြစ်ပါ၏။
ဆရာထွဋ်ခေါင်ရဲ့ဧည့်တွေ့ခန်းထဲဝင်သွားလိုက်တော့ ဆရာ့ရှေ့မှာ အမျိုးသားနဲ့အမျိုးသမီးထိုင်နေ၏။ တည်ငြိမ်ဟန်ရှိကြပေမယ့် နှစ်ယောက်လုံးရဲ့မျက်လုံးတွေထဲမှာ ဝမ်းနည်းဟန်တွေမြင်နေရသည်။
ဒီနေရာရောက်ပြီဆိုမှတော့ အိမ်သားတယောက်ယောက်ကြောင့်ပဲပေါ့လေ။