‌မင်းကမောင့်ရဲ့ငြိမ်း (bl)

14 1 0
                                    

Recommend song - မင်းနာမည်နဲ့အစိုးရby
jixk Gabby

ဝေ့ဝဲသွားတဲ့ဆပ်ပြာပူစီဖောင်းလေးတွေကို ပျော်ပျော်ရွှင်ရွှင်ပဲကလေးတစ်သိုက်ကလိုက်ဖမ်းနေကြတယ်။ဆပ်ပြာပူစီဖောင်းလေးတွေကိုထုတ်လုပ်ပေးနေသူကတော့ သူတို့ရဲ့ဆရာမပေါ့။

အဲ့ဒီ့ကလေးတစ်သိုက်ထဲမှာ အချင်းချင်းစနောက်ရင်း ဆော့နေတဲ့ ကလေးနှစ်ယောက်လဲပါသေးသတဲ့။တစ်ယောက်နာမည်ကတော့ ငြိမ်းဇေသူ တဲ့။တစ်ယောက်ကတော့ မောင်။အင်းဟုတ်တယ် အဲ့သည်ကလေးရဲ့နာမည်က မောင်တစ်လုံးတည်း။

နှစ်တွေကြာလာတဲ့အထိလည်း အဲ့သည်ကလေးနှစ်ယောက်ရဲ့ ခင်မင်မှုတွေကခိုင်မာနေခဲ့တုံးပဲတဲ့။အဖြူရောင်သံယောဇဉ်အပေါ်မှာ မသိမသာ အရောင်ခပ်ပါးပါးကလေးလွှမ်းနေခဲ့ကြပေမယ့်ပေါ့လေ။

>|>|>|>|>|

နှစ်တွေကြာညောင်းလာတဲ့အခါ ငြိမ်းနဲ့မောင်လဲအရွယ်ရောက်လာကြတယ်။ငြိမ်းကတော့ ပုလင်းဖင်လောက်ထူတဲ့မျက်မှန်းကြီးနဲ့စာဂျပိုးအဖြစ်အရွယ်ရောက်ခဲ့လေသည်။မောင်ကတော့ အသားညိုညို၊မေးရိုးခိုင်ခိုင် နဲ့ နှင်းဆီခိုင်ကြီးအဖြစ် အရွယ်ရောက်လာခဲ့တာပေါ့။

"ဟေ့ရောင်ငြိမ်း ငါကုန်တိုက်သွားမှာလိုက်ခဲ့ပေးဦး"

"ဘာလဲ မင်းကောင်မလေးအသစ်ရပြန်ပြီလား"

"ဟ မင်းကဘယ်လိုသိတာလဲငြိမ်းရ"

"မင်းကောင်မလေးအသစ်ရတိုင်း လက်ဆောင်၀ယ်ပေးဖို့ တဖွတ်ဖွတ်ကုန်တိုက်သွားတိုင်း တဖွတ်ဖွတ်ငါ့ကိုခေါ်နေတာကိုးဟ"

"ဘာပဲဖြစ်ဖြစ်ကွာ မင်းလိုက်ခဲ့"

ငြိမ်းမှာတော့ ဘာမှပြန်မပြောဘဲ မျက်စောင်းသာထိုးပြလိုက်လေသည်။မောင်မှာထိုကဲ့သို့ပင်အလွန်ဆိုးသည်။ခပ်ချောချောမျက်နှာပေးကလေးနှင့် မိန်းကလေးတိုင်းရဲ့အသဲကိုဖမ်းစားနေခဲ့သည်သာ။

>|>|>|>|>|

"ဟေ့ကောင် မင်းအဲ့ကောင်မလေးနဲ့မတွဲနဲ့"

"ဘာဖြစ်လို့လဲငြိမ်းရ"

"သူကမကောင်းဘူး"

"ဒီမှာ ငြိမ်းဇေသူ မင်းကိုငါသည်းခံနေတာ သူငယ်ချင်းမို့နော် သူကငါ့ကောင်မလေး မင်းသူ့ကိုဘာမှပြောစရာမလိုဘူး ငြိမ်းဇေသူ"

အင်း။မောင့်ဘ၀ရဲ့ အကြီးဆုံးအမှားကြီးကို မောင်အဲ့သည်မှာကျူးလွန်လိုက်တာဘဲ။ပြောရရင်တော့ အဲ့သည်ကစပြီး ငြိမ်းနဲ့မောင် အဆက်သွယ်ပြတ်ခဲ့ကြပါလေသည်ပေါ့။ငြိမ်းမှာလည်း ကိုယ့်ခံစားချက်ကိုယ်ချိုးနှိမ်ကာ မောင့်အနားသို့ထပ်မသွားရန်သာ ဆုံးဖြတ်ခဲ့သည်။အဲ့ဒီ့ကာလမှာတုန်းကတော့ ငြိမ်းမောင့်မျက်လုံးစိမ်းတွေကိုအရမ်းမုန်းခဲ့သေးတာ။
အရင်ကာလတွေတုန်းကတော့ ငြိမ်းရဲ့ပုလင်းဖင်မျက်မှန်းကြီးအောက်ကနေ မောင့်မျက်၀န်းတွေကိုငေးရတာ သဘောကျခဲ့ပါသေးသည်ပေါ့လေ။ထားပါတော့ ဒါတွေကကြာခဲ့ပြီဘဲ။

ငြိမ်းမှာ အတိတ်ခရီးရှည်ကြီးကိုစိတ်ဖြင့် အသွားအပြန်လုပ်လိုက်ရသဖြင့် အလွန်ပင်ပန်းနေသည်။ဒါကြောင့် ဘားကောင်တာမှ ဘရန်ဒီတစ်ခွက်သောက်ကာ စင်ပေါ်သို့ကြည့်မိသည်။ငြိမ်းတွေးနေသည်မှာမည်မျှကြာသွားသည်မသိ တီးဝိုင်းတွင်ဖျော်ဖြေနေသော ကောင်မလေးမှ ကောင်လေးသို့ အဆိုတော်ပင်ပြောင်းသွားလေသည်။အာရုံစိုက်နားထောင်ကာမှာကောင်လေးဆိုနေသည်မှာ မင်းနာမည်နဲ့အစိုးရ သီချင်းဖြစ်နေသည်။ထိုကောင်လေးမှာ လျှာထုပ်ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထားသဖြင့်မျက်နှာကိုမူ သဲကွဲစွာမမြင်ရပေ။ထိုကောင်လေးအသံမှာလည်း မောင်နှင့်တူသည်ဟုသာငြိမ်းထင်နေမိသည်။

"🎶🎶
ဒီညတော့ လွမ်းတဲ့ဆိုင်မသိမ်းသေး
မြေနီကုန်းရဲ့ စောတဲ့
ညတွေဟာ မစိမ်း
ကိုကရားရဲ့သီချင်းတိုင်းဆို
မင်းကမောင့်ရဲ့ငြိမ်း🎶🎶"

သို့နှင့်သီချင်းဆိုနေသော ကောင်လေးမှာတဖြေးဖြေးနှင့် စင်ပေါ်မှဆင်းလာပြီး ငြိမ်းအနားသို့ရောက်လာလေသည်။ပြီးနောက် ထိုစာသားကိုပဲနောက်တစ်ကျော့ပြန်ဆိုလေသည်။

"~~ ဒီညတော့ လွမ်းတဲ့ဆိုင်မသိမ်းသေး
မြေနီကုန်းရဲ့ စောတဲ့
ညတွေဟာ မစိမ်း
ကိုကရားရဲ့သီချင်းတိုင်းဆို
မင်းကမောင့်ရဲ့ငြိမ်း~~"

ငြိမ်း သူ့အနားသိူ့ရောက်လာသည့် လူငယ်ကိုမော့ကြည့်လိုက်သည့်အခါ ထူးဆန်းစွာပင်မောင်ဖြစ်နေသည်။ငြိမ်းဘဲမူးပြီး ကြောင်နေမိသလားဟုထင်မိသဖြင့် ဒုတိယံမိ ကြောင်တောင်တောင်လေးထပ်ကြည့်မိသည့်အခါမှာတော့ ထိုလူငယ်ထံမှ စကားသံတို့ထွက်လာသည်။

"ဘာတွေငေးနေတာလဲ မောင်လေငြိမ်းရဲ့။မမှတ်မိဘူးလား။ငြိမ်းရဲ့မောင်။ငြိမ်းကတော့ မောင့်ရဲ့ငြိမ်း"

END

Je hebt het einde van de gepubliceerde delen bereikt.

⏰ Laatst bijgewerkt: Mar 09 ⏰

Voeg dit verhaal toe aan je bibliotheek om op de hoogte gebracht te worden van nieuwe delen!

One Shorts Waar verhalen tot leven komen. Ontdek het nu