Unique teacher(1)

5.2K 32 1
                                    

ထိုနေ့ ပြီးကတည်းက တေဇာ တစ်ယောက် အလုပ် တွေ ၊ စာတွေမှာသာ စိတ်ကိုနှစ်ထားလိုက်သည်။

ဆု ကလည်း နောက် ရက်ကြတော့ ခရီးစထွက်သွားတော့သည်။

တစ်ပတ်လောက်သွားမှာ ဆိုတော့ အခုက သုံးရက်ကျော်ကျော် လေးရက် လောက်မှာရှိပြီ ဆိုတော့ နောက်သုံးရက် နေလောက်မှ ပြန်ရောက်မှာဖြစ်သည်။

ခုရက်ပိုင်းက နေ့ဘက်duty တွေ ဝင်ပေးပြီး
ညဘက််တွေမှာ အိမ်ပြန်ကာ ပုံမှန်အတိုင်း လည်ပတ်နေကာ နေရထိုင်ရလည်း အဆင်ပြေပြေရှိလှသည်။ ဝင်ခွင့် ကလည်း နောက်လ ဝက် မှာ ဆိုတော့ကာ တေဇာ စာကြည့်ချိန်လည်းပို ရနေသည်။ အိမ်မှာဘဲ အားကစားလုပ်လိုက် ၊စာလုပ်လိုက်၊ ယောက်ျားသဘာဝ ဟိုရှာ ဒီရှာနဲ့ အပြင်မထွက်ဖြစ်ပါ။ ဈေး တွေကလည်း ဝယ်ထားပြီး သား အေးဆေးပင်ဖြစ်နေတော့သည်။

........................
တေဇာ မနက်ကတည်းက ဆေးရုံ မှာ dutyတွေဝင်ကာ လုပ်စရာရှိတာတွေလုပ်နေတော့သည်။

''ကို တေဇာ "
ခေါ်လို့လှည့်ကြည့်လိုက်တော့

''သြော် ကို မင်းထင် "

"ကိုတေဇာ ကို ကျွန်တော် အကူ အညီတောင်းချင်လို့"
.................

"ဆိုတော့ အကို့ တူကို ကျွန်တော်က စာပြရမယ်ပေါ့"

"ဟုတ်ပါတယ် အဲ့ဒီ သဘော ပါဘဲဗျာ၊
စာပြတယ်ဆိုပေမဲ့လည်း သူကနောက်4ရက်နေရင်ဖြေမှာဆိုတော့ သူမဖြေခင် ရက်လေးတွေ မှာဘဲ သူလိုအပ်တာလေးတွေ ကို ကြည့်ကြပ်ပေးစေချင်တာပါဗျာ၊ ကူညီပါဗျာ၊ အဲ့ဒီကောင်လေးက ဒီတစ်ခေါက် စာမေးပွဲ အမှတ်ထည့် ပေါင်းလို့ အောင်မှတ်မရ ရင် သူ နောက်တစ်နှစ်ပြန်တက်ရမှာ ကိုတေဇာရဲ့
ဆေးကျောင်း တစ်နှစ်တစ်နှစ် တက်ရလို့ကုန်တဲ့ စားရိတ်ကို ကိုတေဇာလဲ သိနေတာပဲ၊ ကူညီပါဗျာ"

"ဟုတ်ပါပြီဗျာ ၊ ညနေကျရင် သာ ကျွန်တော့အိမ် ကို လာပို့ပေးပါ"

​ပြောပြီးသွားတော့ ထွက်သွားတဲ့ ကို မင်းထင်ကိုကြည့်နေမိသည်။
အခု က သူ တူကို စာ နည်းနည်းပြပေးခိုင်းတာဖြစ်သည်။ သူက တော့ မအား၍ မပြနိုင် ထို့ကြောင်တေဇာကို အကူအညီတောင်းသည်။ သူ့တူက ဆေးကျောင်း ဒုတိယနှစ်ဖြစ်ကာ လွန်ခဲ့ တဲ့ စာမေးပွဲမှာ ကျ ထားတဲ့ ဘာသာရပ်တွေ ရှိ၍ ဒီတစ်ခေါက် အမှတ် ကောင်း အောင် လုပ်ကာ အမှတ်ကို ပြန်ပေါင်းထည့်စေချင်သည်။ ဒါကြောင့် အမှတ်ကောင်းအောင်သေသေချာချာလုပ်ခိုင်းစေချင်တာဖြစ်သည်။

Bad Guy (လူဆိုး)Where stories live. Discover now