part 31

1.4K 113 5
                                    

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹

"Jeon...
မြန်မြန်လာ နောက်ကျနေပြီ...သိပ်ကို နှေးတိနှေးကွေးနိုင်လွန်းတယ်.."

သူကိုက အရမ်းလောနေတာ...ရှေ့က ကော့တော့ ကော့တော့နဲ့ တင်နှလုံးကလဲ လူနဲ့မလိုက်..လှုပ်ခါ‌ေန‌ေအာင် တမင်သွားနေသလိုပဲ...နောက်က ကြည့်ရတာတော့  စိတ်မနည်းထိန်းနေရပြီ..ပြေးသာရိုက်လိုက်ချင်တယ်...

"Jeon..."

အ့ဖင်ပဲငေးနေတာကို ခြေထောက်က ဘယ်သယ်နိုင်တော့မလဲ နောက်မာပဲ ကျန်ခဲနေတာ...

"ဘာလဲ.."
"မြန်မြန်လာ.."
"ကျစ်..လာပြီ..."

အဖြူရောင်လေးတေနဲ့ပဲ ပြင်ဆင်ထားတဲ့ မဂ်လာခန်းမကြီးမာ လှပတင်တယ်ရုံမက..အဖြူရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားတဲ့ သတိုးသားနှယောက်မာလဲ လိုက်ဖက်လွန်းနေပါသည်...

ငိုနေရသူကို ချော့ရတာတလုပ်...
လာမလားလို့ မျှော်ကာ ဆုနောင်းနေရတာ တလုပ်...
ကင်မ်ထယ်ယောင်း တကယ်စိတ်ရှုပ်တယ်....ဟော ပြောရင်းဆိုရင်း မျှော်လင့်နေသူတို့ ရှေ့ဆင့်နောက့် ရောက်လို့လာပြီ...

"ဟိုမာ အဟုပ်..jeonနဲ့ ဂျီလာပြီ.."
"ဟင်.."

လွမ်းနေတာ..ဟင့်.…
ဟျောင်းကိုမဟုတ်ဘူး ဂျီ့ကို..

"လွမ်းနေတာ.."

လူကိုတွေ့တာနဲ့ အတင်းအကျပ်ဖက်ကာ ငိုနေတာ..ဝမ်းနည်းလို့မဟုတ်ဘူး ပျော်လို့...

"လာပြီလေ..ဘာလို့ငိုနေတာလဲ.."
"ဟျောင်း.."
"မပြောနဲ့ လာချင်လို့မဟုတ်ဘူး..လာသင့်တယ်ထင်လို့..မဟုတ်ရင် jeon လုပ်ငန်းစု သိက္ခာကျတယ်.."

စာနာစိတ်တရာများရှိရဲ့လား ဟျောင်းရယ်....
ပြောထွက်ရက်တယ် ဝမ်းသာမလာလို့ ဝမ်းနည်အောင်အဆုံးထိ ဆွဲချသွားသလို....

"Jeon .."

စိတ်တိုတိုနဲ့ နှုတ်ခမ်းစူကာ မျက်စောင်းတချက် ထိုးပြလိုက်ပြီး...

"လာ အဟုပ်..
အလှတေ ပျက်ကုန်တော့မယ်လေ..."
"အင်း.."

သိပ်ကိုစည်လှတဲ့ မဂ်လာပွဲလေးတခုဖြစ်ခဲပါတယ်...
ဘဝမာ တခါပဲ ကြုံတောင့်ကြုံခဲလေးဖြစ်တဲ့ မဂ်လာပွဲကို ခမ်းခမ်းနားနားနဲ့ ပျော်ရွှင်စွာ ကျင်ပနိုင်ခဲ့ပြီ...‌

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹(Completed)Where stories live. Discover now