ဒေလီယာ တစ်ယောက် မြန်မာပြည် ကို ပြန် ရောက်တာ တစ်လ လောက် ရှိတော့မည်။
ငယ် စဥ် ကတည်း က မိဘများ နှစ်ဦး သဘော တူ ကွာရှင်း ခဲ့ ၍ သူမ ကတော့ မိခင်နှင့် အတူ Americaသို့ လိုက်ပါခဲ့ ပြီး American နိုင်ငံသား အဖြစ်ကို ပင် ခံယူစေခဲ့သည်။
ယခုတွင်တော့ မိဘနှစ်ယောက်စလုံး မရှိတော့ ပါ။ အသက် 27နှစ် အရွယ်ရှိ နေပြီ ဖြစ်သော သူ မသည် အမေဘက်က ထားရှိခဲ့သည့် အမွေ များကို ရရှိထားသလို ယခုတွင် စော်ဘွား မျိုး နွယ် ဖြစ်သည့် အဖေ ရဲ့ ပိုင် ဆိုင် မှု တွေ ထဲ က အနည်း ငယ်ကိစ္စ ကြောင့် မြန်မာ ပြည် ပြန် ရောက် နေသည်ဟု ဆိုလျှင် မမှားနိုင် ပေ။ ဆွေ မျိုးရယ်လို့ အတိအကျ သတ်မှတ်လို့ မရတဲ့ အဖေ့ရဲ့ ဖအေတူမအေကွဲ ညီမဖြစ်တဲ့ အ ဒေါ်တစ်ယောက်သာ သူ မတွင်ရှိသည်။
သူမအား အုပ်ထိန်းခွင့်ကို လည်း ထို အမျိုးသမီးကသာ ရယူထား၍ ခြယ်လှယ်နေသည်။ ။visa သက် တမ်း မကုန် မချင်း 3လ လောက်တော့ ဒီမှာ သူမ နေရ မည်။
မြန်မာစကား ကို လည်လည်ဝယ်ဝယ် မပြောတတ်တာကလွဲရင် ပီပီသသတော့သူမ ပြောတတ်သည်။ ကောင်းကောင်းလည်း နားလည်သည်။ ဟိုတလောက သူမဖုန်းကျန်ခဲ့လို့ လိုက်ပေးတဲ့ လူကိုတောင် ကျေးဇူး တင်စကားသာ ပြော၍ ထွက်လာခဲ့သည်မှာ သူမရဲ့ စိတ်လှုပ်ရှားချိန် ပြော မထွက် တော့သည့် ဘာသာ စကား အားနည်း ချက်ကြောင့် ဖြစ်မည်။ပြန်ရောက် တာ ကြာပြီဆိုသော်လည်း သူမ အဒေါ် နှင့် မတွေ့အောင် ရှောင် နေသည်။ မိသားစု ရှေ့နေနှင့်သာ တွေ့ ရသေးသည်။
ဒီနေ့ ဒေလီယာ မြို့ ပတ်၍ Dahlia ပန်းတွေ လိုက်ရှာ နေမိသည်။ ဘယ်နားမှာ ဘာ ရောင်းတယ် ဆို တာ ကို သေသေချာချာမသိ၍ စမ်းတဝါးဝါး ပါးစပ်ပါရွာ ရောက် ဆိုကာ လျှောက် ရှာ နေမိသည်.။ တစ်နေရာ အရောက်တွင် ဆေးရုံ လို့ ထင် ရသည့် အဆောက်အဦး ကြီးကို တွေ့သည်။ သူမ အတွေးထဲ အမေ့ အကြောင်းတွေ ရောက်လာတာကြောင့် စိတ်မကောင်းဖြစ်သွားရသည်။
သို့သော် တရား ဖြင့်သာ ဖြေ ၍
''လူတိုင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ ကောင်းသော အလို ဆန္ဒ ပြည့် ဝကြပါစေ" လို့ ဆု တောင်းကာ
အပူ ဒဏ်မခံ နိုင်၍ ပါလာ သော ထီး ကို ဖွင့် ဆောင်းလိုက်တော့သည်။ ထို့နောက် ကိုယ့်ရဲ့ အလိုရှိရာကို ရှာ ပုံ တော်ဖွင့်တော့သည်။
KAMU SEDANG MEMBACA
Bad Guy (လူဆိုး)
Cerita Pendek🔞🔞🔞 warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.🔞🔞