Part 18 unicode

24 4 0
                                    

အဲ့တာဆို ဟွားရန်ကိုပြန်ခွင့်ပြုပါအုံး​နော်
အပြင်မှာ ​တော်​တော်​မှောင်​နေပြီမို့လို့ပါ
ဟန်​ကောတို့နဲ့ ​​တွေ့ခွင့်ရလို့ ​ပျော်ခဲ့ပါတယ်​

ဟွားရန် ရဲ့စကား​ကြောင့် ကျယ်ဟန်အပြင်ကို လှမ်းကြည့်လိုက်​တော့ အ​တော်ပင်​မှောင်​နေ​လေသည်

"ကျွင့်ကျွင့် ဘယ်နှစ်နာရီထိုး​နေပြီလဲ ဟင်"

"အမ် ၉ နာရီထိုးပြီ​လေ ဘာဖြစ်လို့လဲ ဟန်
အိပ်ချင်​နေလို့လား"

"မဟုတ်ပါဘူး ကျွင့်ကျွင့်ရဲ့ ​ဟွားရန်က
မိန်းက​လေးဆို​တော့ ညကလဲတအား​မှောင်​နေပြီ​​လေ အဲ့တာ မင်းပဲလိုက်ပို့လိုက်ပါလား"

"ဟွား-ဟွားရန်က မလိုပါဘူး၊ကျွင့်ကောအနားယူပါ​စေ၊ လိုက်ပို့ဖို့ မလိုပါဘူး၊
ဟွားရန်က သွားရဲပါတယ်"

"အဲ့လို​တော့ ဘယ်ဖြစ်မလဲ၊ကျွင့်ကျွင့်လိုက်ပို့​ပေးလိုက်ပါကွာ"

"ဟွန့် ဟန့်သ​ဘောပဲ၊ဒီက ငယ်ကျွန်ကြီး
ကုန်းကျွင့်က​တော့ ဟန်ဟန် ခိုင်းသမျှ အကုန်လုပ်​ပေးရတာ​ပေါ့"
"ကျ​နော့်ဘ၀က အရမ်းဆိုးတာပဲ၊ မနက်ကတည်းက အလုပ်​တွေလုပ်​နေရတာ​တောင်မှ ဟန်ဟန်က မနား​စေချင်ဘူး" "ဟင့်"

(ကျယ်ဟန်က ​ခေါင်းခါလိုက်ပြီး)
"ကုန်းကျွင့်! မင်း ဟွားရန်
လိုက်ပို့​ပေးမှာလားမပို့​ပေးဘူးလား"

(ကုန်းကျွင့်က မျက်ရည်​လေးစမ်းစမ်းဖြင့်)
"အ​မေရယ် အ​မေ့သားဘ၀
ကိုလာကြည့်စမ်းပါအုံး၊ အ​မေ့သားရဲ့အဖြစ်က​တော့ ဟင့် မ​ပြောချင်​တော့ပါဘူး၊
ဟန်ဟန် ထားရာ​နေ ​စေရာသွားရတဲ့
ဘ၀​လေးပါ ဟင့်"

(ဟွားရန်က​​တော့ကြောင်​အအဖြင့်ရပ်ရင်း)
"ဟို-ဟို​လေ ဟွားရန် က ပြန်ရဲပါတယ်.
ကျွင့်​ကောလဲ သနားပါတယ်."

မရပါဘူး! ကုန်းကျွင့် မင်းလိုက်ပို့​ပေးရမယ်!

(​နောက်ဆုံးမှာ​တော့ ကျယ်ဟန်ရဲ့စကားကို
မပယ်ရှားရဲကြဘဲ ​ဆေးရုံအပြင်ကိုထွက်ခဲ့ကြတယ်)

ယိုး! ဟွားရန်တဲ့ပါလား..နာမည်​လေးကအလှသားပဲ​နော်.​ ​လော်အ​ဒေါ်
(ကျယ်ဟန်ရှေ့မှာ အမြီးကုပ်ပြီး​နေလာခဲ့တဲ့ ​တောင်ကြားသခင်ကြီးက ပါ၀ါ​တွေစပြပါပြီ

မျက်စိတစ်မှတ်အတွင်းမှာငယ်ရွယ်နုပျို
နေတဲ့ဟွားရန်ဆိုတဲ့ ​ကောင်မ​လေးက
ဆံနွယ်ဖြူ​တွေ၀ဲကျ​နေတဲ့အနီ​ရောင်ရိုးရာ
အကျီကိုဆင်မြန်ထားတဲ့ ၃၀ အရွယ်အမျိုးသမီးပုံစံ​​ပြောင်းလဲသွားခဲ့တယ်

အားရှင်း" မင်းကို​တော့ ငါတကယ်
မလှည့်စားနိုင်ပါဘူး မင်းက အရမ်းမျက်စိလျင်တာပဲ အားရှင်း

ဟက် ​လော်အ​ဒေါ်ကလည်း ​မြှောက်
မ​နေစမ်းပါနဲ့ ပထမ​တော့ ကျ​နော်လည်း အငိုက်မိသွားပါ​သေးတယ် ဟက်

အားရှင်း မင်းသူ့ကို ဘယ်လိုထင်လဲ
သူကတကယ်ပဲ ကျိုးကျစ်ရူးလား

​လော်အ​ဒေါ် ကျ​နော် အခုထိခန့်မှန်းလို့
မရ​သေးဘူး ဒါ​ပေမယ့် ဟန်က သူက​လေ အားရွှီနဲ့ အရမ်းတူတယ် ​လော်အ​ဒေါ်

အားရွှီ က ကျ​နော့်ကို သူပြန်လာခဲ့မယ်လို့​ပြောခဲ့တယ် အဲ့ဒါ​ကြောင့် ကျ​နော်သူ့ကို
​စောင့်​နေခဲ့တာ ​တကယ်လို့ ဟန်ကသာ တကယ် အားရွှီ ဆိုရင်​လေ ကျ​နော် ဒီ​တောင်ကြားသခင်ဆိုတဲ့ ရာထူးကိုလဲ
စွန့်လွှတ်ပြီး သူနဲ့အတူ ​​နေသွားချင်တယ်
​လော်အ​ဒေါ်

အားရှင်း..မင်းက တကယ့်ကိုအရူးတစ်​ယောက်ပဲ ငါလဲ တတ်နိုင်သ​လောက် သူ့ကိုအတိတ်ကိုပြန်မှတ်မိ​အောင် လုပ်​ပေးခဲ့ပါတယ် တကယ်လို့ သူသားကျိုးကျစ်ရူးဆို သူမှတ်မိသွားမှာ ပါ အားရှင်း

​ကျေးဇူပါ ​လော်အ​ဒေါ်..ကျ​နော့်ကိုပြန်ခွင့်ပြုပါအုံး ပြီး​တော့ အားရှန်းကိုလဲ သတိရတယ်လို့​ပြော​​ပေးပါ..

လမ်းမီးတိုင်ရဲ့မှိန်ပျပျမီး​ရောင်​အောက် ​
လူနှစ်​ယောက်ရဲ့အရိပ်ဟာ တဖြည်းဖြည်း ​ပျောက်ကွယ်သွားခဲ့တယ်.. ဦးတည်ရာ​တွေက​တော့ မတူညီခဲ့ဖူး​ပေါ့..

__________________
ဟဲဟဲ စာဖတ်သူ​တွေအားလုံးကို ​တောင်းပန်ပါတယ် လို့ ချယ်ရီ အခုမှ acc password ပြန်မှတ်မိလို့ပါ ..>•<

Mr.Vampire and his wife HanWhere stories live. Discover now