အပိုင်း - ၁၉

3.7K 150 26
                                    

Uni
.
.

ပစ္စည်းတွေရောက်တဲ့နေမို့ နေခြည် စာရင်းစစ်ကာ ပစ္စည်းရောက်ကြောင်း လိုက်ပြောသည်။

" ဆွဲကြိုးလေးရယ် ဒါလေးတွေရယ်က နေဦး... ဪ တွေ့ပြီ BFF ဆိုတဲ့အကောင့်က ''

နာမည် လိပ်စာ ဘာမှပေးမထားတာမို့ ပစ္စည်းရောက်ပြီဖြစ်ကြောင်း စာပဲ ပို့ထားလိုက်သည်။ တခြားပစ္စည်းတွေ စာရင်းလုပ်ပြီးတော့ ဇာတ်ကားထိုင်ကြည့်နေလိုက်၏။

" ဟဲ့ ကောင်မလေး ကျောင်း​​ပြန် အဝတ်အစားကြီးလဲလေ။ ရေလေးမိုးလေးချိုး ''

မမပြန်ရောက်လာသည်အထိ နေခြည် ဇာတ်ကားကြည့်နေတာ မပြီးသေးပေ။

" ဒါလေးကြည့်ပြီးမှပဲ လုပ်လိုက်တော့မယ် မမ ''
.
.

ကျော်နေမင်း လိုင်းပေါ်တက်ကာ ပိုးဟပ်ဖြူနဲ့စကားပြောထားတဲ့ သူ့အကောင့်တုထဲ ဝင်ကြည့်တော့ စာပို့ထားတာမို့ ဝမ်းသာသွားသည်။

' မှာထားတာလေးတွေ ရောက်ပါပြီရှင့်။ နာမည် ဖုန်းနံပါတ် လိပ်စာလေးပြောပေးပါနော်။ ကားတင်ပေးပါ့မယ် '

ဖုန်းနံပါတ်ပါ ပေးရမှာမို့ သူအကြံအိုက်သွားသည်။

" အသစ်ဝယ်လိုက်တာ အေးပါတယ် ''

ဆင်းကတ်အသစ်ဝယ်ပြီး နာမည်ပါလိမ်ပြောပြီး မုံရွာကားဂိတ်ကိုပဲ ပို့ခိုင်းထားလိုက်သည်။

ဆိုင်ကယ်လေး သုံးလေးစီးအစွံထုတ်ပေးပြီးသွားတော့ သူ့ကို လူသိလာကြပြီဖြစ်သည်။ သူငယ်ချင်းတွေထဲက ဆိုင်ကယ်ဝယ်ချင်တဲ့သူရှိရင် ကျော်နေမင်းကို သတိရပေးကြ၏။
.
.

ကားဂိတ်က ဖုန်းဆက်တာမို့ ကျော်နေမင်း ပစ္စည်းသွားယူတော့ ပိုးဟပ်ဖြူဆီက ဝယ်ထားတာတွေဖြစ်သည်။ ဆွဲကြိုးလေးနှစ်ကုံးက တော်တော်လေးလှသည်။ သူ့ဓာတ်ပုံနဲ့ ပိုးဟပ်ဖြူဓာတ်ပုံကို လှတာလေးတွေရွေးပြီး ဆိုင်ကိုသွားကာ လော့ကတ်ထဲထည့်လို့ရမယ့် ဆိုဒ်လေးတွေပုံထုတ်ခိုင်းလိုက်ပြီး ထည့်ထားလိုက်သည်။

ဗယ်လင်တိုင်းဒေး အတွက် ဆင်တူအင်္ကျီတွေရောင်းတော့လည်း အကောင့်တုနဲ့ သွားဝယ်ထား၏။ အကောင့်တုမှာ စျေးဝယ်ရင်း ပိုးဟပ်ဖြူနဲ့တော်တော်ခင်နေတာမို့ ဘလော့ခံထားရတာတွေနဲ့ မဆက်သွယ်ဖြစ်တော့ပေ။
.
.

မခွဲအတူWhere stories live. Discover now