Chapter 1
Shibuya ဘူတာ၏တောင်ဘက်အထွက်ရှိလူကူးတံတားအကျော် ၊ Sakura Dori လမ်း၏ မှောင်မိုက်သော ထောင့်တစ်နေရာတွင် ဆယ်ကျော်သက်တစ်ဦး သွေးထွက်လွန်၍ လဲကျနေသည်။ ညဘက် ချယ်ရီပန်းတွေရဲ့ အလှကို ခံစားလို့ကောင်းသော ခရီးသွားနေရာဖြစ်၍ လက်တလော လူတွေနဲ့ ပြည့်နေသော လမ်းဖြစ်သည်။ သို့သော် သေလုနီးပါးဖြစ်နေသော ဆယ်ကျော်သက်လူငယ်တစ်ဥိးကို ကူညီရန် မည်သူမျှ မကြိုးစားခဲ့ဘဲ သူ၏ လက်ရှိအခြေအနေကိုလဲ မည်သူမျှ မသိခဲ့ကြပေ။
ကြီးမားသော အမှိုက်ပုံးက သူ့ကိုကွယ်နေသောကြောင့်လဲဖြစ်သည်။
သူသည် အေးစက်သောမြေပေါ်တွင် လှဲလျောင်းနေပြီး မလှုပ်ရှားနိုင်ဘဲ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာဒဏ်ချက်တို့ကိုကြိတ်၍အားတင်းကာ နေနေသည်။သူဒီေနရာမှာ ငါးမိနစ်နီးပါးရှိနေပြီဖြစ်သည်။ ဒီနေရာကို မရောက်ခင်နှင့်မသေဆုံးမီ အစောပိုင်းက အဖြစ်အပျက် များကို သူမှတ်မိေသးသည်။
ကုန်ခြောက်တွေဝယ်ပြီး အိမ်အပြန်လမ်းတွင်Akira ဟာ အဖွားအိုတစ်ယောက် လမ်းရဲ့မှောင်မိုက်တဲ့ထောင့်တစ်ေနရာ၌ ဓားပြတိုက်ခံေနရတာကို တွေ့လိုက်ရသည်။
ညဘက်အချိန်ဖြစ်၍ တခြားလူတွေလဲ အလုပ်တွေရှုပ်နေကြတာကြောင့် Akira ကသာ အဲဒါကို မြင်တဲ့တစ်ဦးတည်းေသာသူ
ဖြစ်ေန ေလသည်။ နူးညံ့သော သူ၏မျက်နှာပေါ်တွင် မျက်မှောင်ကြုတ်ကာ ဒေါသများစတင်ဖြစ်ပေါ်လာသည်။သူသည် လူများကို အမှန်တကယ်မုန်းတီးသော်လည်း အသက်ကြီးသူများကိုတော့ လေးစားဆဲဖြစ်သည်။
သက်ပြင်းတိုးတိုးေလးတစ်ချက် ချလိုက်သည်။ ထိုအချိန်ဓားပြကသူ့ကိုတွေ့ပြီး ထွက်ပြေးတော့သည် Akira လဲ ချက်ချင်း သူ့နောက်ကို ပြေးလိုက်သွားသည်။ ထိုဓားပြသည်အမှောင်ထောင့်ထဲသို့ ဝင်သွားသည်ကို မြင်လိုက်သည်နှင့်တပြိုင်နက် တုံ့ဆိုင်းမနေဘဲလိုက်ဝင်သွားခဲ့သည်။
သူ့ရင်ဘတ်မှာ နာကျင်တဲ့ ခံစားချက်တစ်ခုကို ခံစားရမိသည့်အခါမှသာ သူနောင်တရသည်။
သူ့ရင်ဘတ်ပေါ်ထိုးဝင်ရန်လာသော ဓားကို ကိုင်ဆောင်ထားသူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ မထိုးမိအောင် အသားကုန် တောင့်ခံထားမိသည်။