《11》

535 30 6
                                    

Unicode

အပင်ရိပ်အကြီးကြီးတွေကလမ်းရဲ့ တစ်ဖက်တစ်ချပ်ဆီမှာပေါက်ရောက်နေတာမို့ မသိရင်လမ်းသွယ်လေးကိုအရိပ်မိုးပေးထားသလိုဖြစ်နေသည်။နေမင်းကြီးကလဲတစ်နေ့တာလုပ်ငန်းတွေကိုကျေပွန်စွာလုပ်ဆောင်ပြီးလို့ သူနဲ့နားခိုရာအနောက်ကျွန်းလေးကိုခိုဝင်ချင်နေပြီဖြစ်သည်။ လိမ္မော်ရောင်ကောင်းကင်ကြီးနဲ့လှမ်းကြည့်လိုက်ရင် မျက်စိတစ်ဆုံးသစ်ပင်တွေအုပ်မိုးထားတဲ့ တောစပ်နားမှာထွက်တစ်ဝက်ဝင်တစ်ဝက်အနေထားနဲ့ နေမင်းကြီးက အိမ်ပြန်ချိန်ကိုမျှော်လင့်နေတော့သည်။

နေ့လည်ခဏနားပြီးထဲကမရပ်မနားခရီးဆက်လာခဲ့တာ အခုဆိုရင်ဒီတောအုပ်ကိုကျော်ရင်နားရမဲ့မြို့ကိုတောင်ရောက်တော့မယ်။သွားရမဲ့ခရီးကိုတော့ရောက်ဖို့လိုသေးတယ်ဆိုပေမဲ့ မှောင်နေချိန်ခရီးဆက်ရင်အန္တရာယ်များလွန်းတာကြောင့် ရှေ့ကမြင်နေရတဲ့မြို့မှာပဲ တစ်ညတာအနားယူဖို့ဆုံးဖြတ်လိုက်ရတော့တယ်။အကုန်သူလဲ သူ့ကိုမပြောရဲလို့သာ..ပင်ပန်းနေလောက်ပြီဆိုတာသူသိပါတယ်။

"အားလုံးပဲ ရှေ့ကမြို့မှာဒီနေ့ညနားကျမယ် တည်းခိုလို့အဆင်ပြေတဲ့နေရာတွေ့ရင်ရပ်လိုက်ကြတော့.....။"ရိပေါ်သူ့လူတွေကိုအမိန့်ပေးပြီတော့ ဘေးမှာတချိန်လုံးငြိမ်နေတဲ့ ကျန့်ငယ်ဘက်ကိုလှည့်ပြီးဘာဖြစ်နေလဲဆိုတာသူမေးကြည့်ရအုံးမယ်။အမြဲဖျက်လတ်နေတဲ့ကလေးလေးက ဒီလိုငြိမ်နေတော့လဲသူ့မှာမနေတက်ဖြစ်ရသည်။

"ကျန့်ငယ် ငြိမ်နေပါလား....ဘာလဲအရမ်းပင်ပန်းနေလို့လားဟင်။"

ကျန့်ငယ်ကသူတို့နေ့လည်ခဏနားပြီးပြန်ထွက်လာထဲကသိသိသာသာငြိမ်နေတာကြောင့် သူလေးကဘာမှထုတ်မပြောတောင် ကိုယ်ကတော့အလိုက်တသိမေးရမယ်လေ။မျက်နှာလေးညိုးနေတာကိုတောင်မလိုချင်ပါဘူးဆို ခုတော့အသံပါတိတ်နေတော့တယ်။သူအမေးကိုကျန့်ငယ်က ချက်ချင်းပြန်မဖြေပဲ ခဏနေမှလေသံပိစိနဲ့မဝင့်မရဲမေးလာတာလေးက

"ဟိုလေ လူကြီးကြီး.....ကျန့်ငယ်တစ်ခုလောက်မေးချင်လို့.....ဖြေပေးမှာလားဟင်.....။"တဲ့....သူ့ကိုယ်ကိုကျန့်ငယ်လို့သုံးလာထဲက သူသိလိုက်ပါပြီ လိုချင်တာတစ်ခုခုရှိလို့ ပူဆာတော့မယ်အခါဒီလူကြီးကို သူလေးကအခုလိုကိုယ်ပေးထားတဲ့ နာမ်စားလေးနဲ့သူ့ကိုယ်ကိုသုံးပြတက်သေးတာ။

。⁠♡ မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡⁠。Where stories live. Discover now