အခန်း (၂)

369 40 7
                                    

ဘဲလ်တီးသံကြားရတာကြောင့် ခြံတံခါးဆီသို့လျှောက်လာခဲ့ပြီး ကြည့်လိုက်သည့်အခါ အစ်မဒေစီ
ခင်။အစ်မ ဒေစီခင်ကသူမရဲ့အတွင်းရေးမှူးဖြစ်
တာကြောင့် အလုပ်ကိစ္စဟုသာတွေးပြီး ခြံတံခါး
အားဖွင့်လိုက်သည်။

"မတွေ့ရတာကြာပြီ၊ နေကောင်းတယ်မလား ညီမလေး နွယ်"

"ကောင်းပါတယ်၊ အစ်မရော အရာအားလုံးအဆင်
ပြေရဲ့လား"

"ပြေတယ် ညီမလေး...ကြည့်ရတာဘာမှမပြင်ဆင်
ရသေးပုံပဲ"

"အရေးကြီးကိစ္စများရှိလို့"

"CEO ကညီမနဲ့အပြင်မှာ dinner သွားစားမှာမလို့ ကလေးတွေကိုကြည့်ထားပေးဖို့ အစ်မကိုပြောထားတယ်"

မျက်ခုံးတန်းများမြင့်တက်သွားရပြီး လက်နှစ်ဖက်
အားပွတ်ရင်းစဥ်းစားနေပုံက တစ်မျိုးချစ်စရာ
ကောင်းလှသည်။အစ်မဒေစီခင် ကိုဧည့်ခန်းမှာထိုင်
ခိုင်းပြီး ကလေးတွေနှင့်မိတ်ဆက်ပေးရသည်။သုံး
ယောက်သားစကားပြောနေကြချိန် အိမ်ပေါ်တက်
ပြီးအခန်းထဲဝင်ခဲ့သည့်အခါ ရေချိုးခန်းထဲမှထွက်
လာသည့် သူမက bath robe ဝတ်လျက်ဆံပင်
များကိုပဝါရှည်ဖြင့်ပေါင်းထုပ်ထားသည်။

စူးစမ်းသည့်အကြည့်ဖြင့်ကြည့်လာတာကြောင့်
ကျွန်းသားဘီဒို၏အပေါ်အဆင့်ကိုဖွင့်ပြီး အဝါရောင်
ဖျော့ဖျော့ပါတိတ်ထဘီနှင့်ရင်ဖုံးအင်္ကျီကိုထုတ်ပြီး
မွေ့ရာပေါ်တင်ပေးလိုက်သည်။ထို့နောက် ဘီဒိုကို
ပြန်ပိတ်ရင်းပြောလိုက်သည်။

"အစ်မဒေစီခင် ရောက်နေတယ်၊ ဘယ်အချိန်လောက် ချိန်းထားတာလဲ"

"ဘယ်သူနဲ့မှမချိန်းထားဘူး၊ အပြင်မှာညစာ
မစားဖြစ်တာ အတော်ကြာပြီလေ...ဒါကြောင့် ည
စာသွားစားရအောင်"

"ကလေးတွေအတွက်ဘာမှမချက်ရသေးဘူး၊ ပြန်
လာတာစောရင်တောင် ည ၈ နာရီထိုးသွားမှာ...အခုတောင် ၆ နာရီခွဲနေပြီ"

"အိမ်မှာစားစရာတွေအများကြီးရှိတာပဲ၊ မဟုတ်ရင်
ဒေစီခင်နဲ့မုန့်ဝယ်စားကြလိမ့်မယ်၊ ပိုက်ဆံပေးထား
တယ်"

ဘာမှဆက်မပြောတော့ပဲ ရေချိုးခန်းထဲသာဝင်
ခဲ့သည်။ကလေးတွေကိုမကြာခဏမုန့်ဖိုးပေး၊မုန့်
ဝယ်ကျွေးနေရင် ထမင်းကိုပုံမှန်စားလေ့မရှိကြတော့။နွယ့်မိဘတွေကလည်းထိုသို့ပင်...သူတို့မြေး
တွေကိုတစ်ခါပေးလျှင် နည်းတာမဟုတ်။မမတို့
လင်မယားကအလုပ်တွေများတာကြောင့် မိဘတွေ
ဆီမှာကလေးကိုအပ်ခဲ့သည်ကများသည်။နွယ် သုံး
နေကြဆပ်ပြာရည်ဘူးကိုညှစ်သည့်အခါ ကုန်သွားပြီဖြစ်တာကြောင့် မျက်စိရှေ့မြင်နေရသည့် သူမသုံး
နေကျဘူးကိုလှမ်းယူပြီး သုံးသည့်အခါ အနံ့သင်း
သင်းလေးကိုရသည်။

You've reached the end of published parts.

⏰ Last updated: Mar 05 ⏰

Add this story to your Library to get notified about new parts!

A Thousand YearsWhere stories live. Discover now