Extra♡

854 87 14
                                    

၅နှစ်ခန့်ကြာသော် ~

သမီးကြီးလေးEllaက ၁၃နှစ်ထဲဝင်တော့မယ်။
သားငယ်လေးRomeoကတော့ ၁၀နှစ်ပေါ့။

သမီးက အသက်ကြီးလာလေလေ သူ့အမေနဲ့တူလေပဲ။
လူကောင်ကလဲ သူ့အမေကိုကျော်တက်တော့မယ်။
ကိုယ့်ဇနီးကသာသေးသေးပိစိလေးဖြစ်နေတာ။

လောလောဆယ်တော့ သမီးက ကိုယ်တို့နဲ့မတူပဲ အနုပညာအလုပ်တွေလုပ်ဖို့ ပြင်ဆင်နေပါရဲ့။
နှစ်အနည်းငယ်ကြာရင် ပွဲဦးထွက်တော့မယ်လေ။

နီနီက အစပိုင်းတော့ကန့်ကွက်တယ်။
သူ့သမီးကို ဝေဖန်မဲ့လူတွေကြောင့်တဲ့လေ။
သူမလဲ ခံစားခဲ့ရဖူးတာပဲ။
ဒါပေမဲ့နောက်ပိုင်းတော့ သမီးရဲ့ဝါသနာအရ လက်ခံပေးလိုက်ရတာပေါ့။

သားအမိဆိုပေမဲ့ အမေနဲ့မတူတဲ့အချက်ကတော့ နီနီက အဲ့ဒီ၁၃နှစ်အရွယ်မှာ ၃နှစ်သမီးလေးလိုနေပြီး ချွဲတုံးလေးဖြစ်နေတာပဲ။

သမီးကတော့မတူ။ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်နေတဲ့ ကလေးဆန်တဲ့သူ့အမေနဲ့တစ်ခါတစ်လေကတောက်ကဆဖြစ်တယ်။
ပွတ်သီးပွတ်သပ်တွေလုပ်ရင် သမီးကမကြိုက်ဘူး။
ဒါပေမဲ့ ပြောမရတဲ့သူတို့မိခင်ကတော့ သားသမီးတွေနားတစ်နေကုန်ကပ်ပြီး တရှုံ့ရှုံ့နမ်းနေရမှ။

“ ကိုကို ”

ကြားလိုက်ရတဲ့အသံလေးကြောင့် နှစ်တွေအကြာကြီးဝေးနေခဲ့ရတဲ့လူတွေလိုမျိုးခံစားလိုက်ရပြီး ဝမ်းသာစွာပြုံးလိုက်မိသည်။
အချိန်တိုင်းလွမ်းနေတတ်တဲ့ကိုယ့်ရဲ့ခံစားချက်ကိုတော့ နီနီဘယ်သိပါ့မလဲ။

သူမက ကိုယ်ပိုင်ကုမ္ပဏီနဲ့ဖြစ်နေပါပြီ။
သူမရဲ့အရည်အချင်းကြောင့် သူမရဲ့ဒီဇိုင်းတွေက အင်မတန်နာမည်ကြီးသွားခဲ့သည်လေ။

သူမ အလုပ်ဆင်းတိုင်း ကိုယ်ကသွားကြိုရသည်။
အလုပ်သွားတဲ့အချိန်တွေဟာတော့ မတူကြဘူး။
သူမက ကိုယ့်ထက်အစောကြီးထသွားရပြီး မနက်ဆိုရင် အလုပ်မသွားခင် ကိုယ်တို့အတွက် မနက်စာပြင်ပေးလေ့ရှိသည်။

“ ကိုယ့်ရဲ့CEOကြီး ဘယ်လိုနေလဲဒီနေ့ ”

‌ဪ ဒါနဲ့ . CEOကြီးဖြစ်သွားတယ်ဆိုတိုင်း လုံးဝအရွယ်ရောက်သွားပြီလို့တော့မထင်လိုက်ကြပါနဲ့။
ထွက်လာတုန်းကဆရာကြီးဆိုဒ်ဖမ်းပြီး ကိုယ့်ကိုတွေ့တော့ မွေးကာစကလေးလေးလိုပဲ။
Long coatထဲဝင်ပြီး ကိုယ့်ကိုဖက်ထားသည်။
နှုတ်ခမ်းလေးစူနေပုံအရတော့ ဘာတွေတိုင်ဦးမလဲမသိပါဘူး။

You've reached the end of published parts.

⏰ Last updated: Apr 14 ⏰

Add this story to your Library to get notified about new parts!

Ms Bear // JL Where stories live. Discover now