၅၉.၆၀

994 153 12
                                    


အပိုင်း ၅၉

အပြင်တွင် မိုးက သည်းသည်းမဲမဲရွာသွန်းနေသည်။ အားလုံးက မူးနေကြသဖြင့် ရိုက်ကူးရေးအဖွဲ့သားများက လာရောက်ကာ ကားမောင်းပို့ပေးရသည်။

“လေးယောက်တစ်စီး”
ကောပင်းက ပြောသည်။

သည်နေ့ ကောပင်းက အလွန်ပျော်နေသည်။ သည်နေ့တွင်ဖြစ်ပျက်ခဲ့သော ကိစ္စများက သူ့ကိုစိတ်မပျက်စေခဲ့ပေ။ အကျိုးအမြတ်ကလည်းများပြားခဲ့သည်။

သူက ကျိုင်ရှင်းချန်ကိုလှမ်းမြင်လိုက်ရသောအခါ တောက်ပလွန်းသည့် ကံကောင်းသည့်ကြယ်လေးကို လှမ်းမြင်လိုက်ရသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူက ကျိုင်ရှင်းချန်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“မင်းဒီည အောင်အောင်မြင်မြင်ဖျော်ဖြေနိုင်ခဲ့အတွက် ငါ မင်းကို ဂုဏ်ပြုစကားတောင် မပြောရသေးဘူး”

ကျိုင်ရှင်းချန်၏နှလုံးသားထဲ ရှက်ရွံ့မှုကသာ ကြီးစိုးနေသေးသည်။ ထိုရှက်ရွံ့မှုများက အကုန်အစင်မပျောက်ကွယ်သေးချေ။ ထို့ကြောင့် သူက ဒါရိုက်တာကို ဘေးသို့ဆွဲခေါ်ပြီး ပြောလိုက်သည်။

“ကျွန်တော် အခုလေးတင် ကထားတဲ့အပိုင်းတွေ ဖြတ်ပေးလို့ရမလား”

ကောပင်းကပြောသည်။
“တကယ်ကောင်းတဲ့အကပါ၊ ဒါပေမယ့် အစပိုင်းသီချင်းကတော့ ပြသခွင့်မရနိုင်ဘူး”

ထိုအကြောင်းကိုပြောမှ သူက ကျိုင်ရှင်းချန်ကို ပို၍ပင်ကျေးဇူးတင်မိသေးသည်။ ကျိုင်ရှင်းချန်က ‘ချင်မိန်မြေခွေး’ ၏ အကအတိုင်းခုန်ပေါက်ကာ ကပြမသွားခဲ့ပေ။ သူက သူတို့၏ပရိုဂရမ်အဖွဲ့အကြောင်း တွေးပေးခဲ့သည်။ သို့မဟုတ်လျှင် ထုတ်လွှင့်ခွင့်မရမည့် အခန်းက များသွားနိုင်သည်။

“သူတို့ကသာ တွေ့သွားရင် မင်းကိုသဘောကျတဲ့ကြည့်ရှုသူတွေ ပိုများသွားလိမ့်မယ်၊ ဖျော်ဖြေမှုက တကယ်ကိုအံ့အားသင့်စရာပါ”

အကကပြီးနောက် ဖြစ်သွားခဲ့သည့်လေထုအခြေအနေကသာ ကြောင်တောင်တောင်နိုင်သွားခြင်းဖြစ်သည်။

ကျိုင်ရှင်းချန်ကမူ တစ်စုံတစ်ရာပြောလိုသော်လည်း ပရိုဂရမ်အဖွဲ့ထဲရှိ လူတိုင်းကလည်း သူ၏ချစ်စရာကောင်းသည့်အခြေအနေကို မြင်ခဲ့ပြီးကြောင်း သိလိုက်သဖြင့် သူ၏မျက်နှာကနီရဲသွားသည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now