CH6

204 45 3
                                    

Unicode

သခင်လေးတစ်ယောက်တော့ သူ့ရဲ့ဈေးပေါတဲ့ အဘိုးဖြစ်သူကြောင့်သိက္ခာကျသလိုခံစားလိုက်ရသည်။

တစ်ဖက်လူကဘာတွေအဲ့လောက်ကောင်းနေလို့ မြေးဖြစ်တဲ့သူ့ကိုရောင်းထုတ်ပစ်ဖို့ နည်းနည်း‌လေးတောင်မှ မစောင့်နိုင်တော့ရတာလဲ?!!

ဟိုဘက်ကအခုလိုပြောလာတော့ သူဘာပြောရတော့မှာတဲ့လဲ?

တကယ်ပဲမျက်နှာပျက်ရတယ်!

ဒေါသကိုဖွင့်ထုတ်ရန်အလို့ငှာ တစ်ဖက်လူကိုသာအသုံးချမှာပေါ့။ ဘယ်သူကဒီသ‌ခင်လေးနဲ့လက်ဆက်ရမှာကိုနစ်နာတယ်ထင်နေရတာလဲ?

"ရှောင်းကျန့်!ခင်ဗျားစကားကိုအမျိုးမျိုးပြောနေရအောင် ဒါကစားနေတယ်များထင်လို့လား? ဟမ်! ဒါမှမဟုတ် ဒီသခင်လေးရဲ့ဘယ်အချက်ကများချို့ယွင်းနေလို့လဲ? ပြောစမ်းပါအုံး!"

"ငါပြောတာ အဲ့လိုမဟုတ်..."

"မဟုတ်ဘူးပေါ့! အဲ့ဒါဆိုဘာလဲ? ငါတို့ပတ်သက်စရာရှိမနေပဲနဲ့များ မင်းရဲ့သောက်အလုပ်ကိုလာရှုပ်ကြမယ့် အဲ့ဒီကပ်ပါးလိုမီဒီယာတွေကိုငါထိန်းချုပ်‌ပြီး အဲ့ဒီ‌အရေးမပါတဲ့ဟန်ဆောင်ရည်းစားအဖြစ်နဲ့ရော တခြားကိစ္စတွေပါ မင်းအတွက်လုပ်ပေးမယ်ထင်နေတာလဲ?
မင်းကဘာမို့လို့လဲ? မင်းသာငါ့လူဖြစ်မနေရင် ဒီရက်တွေမှာ မင်းဒီလောက်အေးအေးချမ်းချမ်းနေလို့ရမယ်များဖြစ်နေလား?! ဘယ်ဘုရားကပေးလိုက်တဲ့ယုံကြည်မှုတွေရှိနေရတာလဲ!!"

စကားပြောချိန်ပင်မရလိုက်သူရှောင်းကျန့်"......"
*အဲ့တော့..ဆိုလိုတာက သခင်လေးကငါနဲ့လက်ထပ်ဖို့တကယ်ကြီးတွေးထားခဲ့တာပေါ့!?*

မှန်တာပေါ့၊ အဲ့ဒါကလည်းအဘိုးဝမ်ရဲ့လှည့်ကွက်ထဲမှာ မျောသွားခဲ့လို့လေ။

ဒေါသကိုစူးရှသောမျက်ဝန်းများနှင့်ပါးစပ်ဆိုးလေးက ဖော်ပြလျှင် အရှက်သည်းမှုကိုတော့ နီနီရဲရဲနားရွက်လေးများ၌ဖော်ပြနေ၏။

အသက်တစ်ချက်ပင်မရှိုက်သာတဲ့ထိ ဆူပူပြောဆိုအပြီးတွင် သခင်လေးကြည့်ရတာ အဆူးတောင်များနဲ့ဖြူးကောင်လေးအလား ထင်ရပေမယ့် ကြောက်စရာမကောင်းတော့ပဲ အနည်းငယ်ပင်ရယ်စရာကောင်းလို့နေသည်။

BEING A VAMPIRE's FAMILY OF THE ROYAL CLANWhere stories live. Discover now