Part 1 (မသိ‌သောသူများ )

19 1 0
                                    


သက်ပိုင်မျက်လုံးပွင့်ပွင့်ချင်း ဘယ်လိုမှ နားမလည်တဲ့နေရာတစ်ခုရဲ့
အခန်းကျယ်ကြီးထဲရှိနေသည် ထိုအခန်းကျယ်ကြီးတွင်း မီးရောင်တစ်ခုမှမရှိဘဲ သဘာဝအလျှောက်လင်းနေတဲ့ ဖြူစင်တဲ့လမင်းရဲ့အလင်းရောင်သာရှိသည်။သက်ပိုင်ကြမ်းပြင်ပေါ်မှာထိုင်နေရာမှထလိုက်ပြီး အခန်းကျယ် ၏ဘေးပတ်လည်ကိုကြည့်နေသည် ထိုအချိန်.....

   " ဒါဘယ်နေရာလဲ ရုံးခန်းထဲ မဟုတ်ဘူးလား ဘယ်လိုဖြစ်လို့ "

အမှောင်ထဲ၏နေရာတစ်နေရာရာကနေ တစ်ယောက်ယောက်၏အသံကိုကြားလိုက်၍ထိုအသံကြားရာဘက်ကိုလှည့်ကြည့်လိုက်တော့ အရပ်က 6ပေကျော်လောက်ရှိမည်၊ဆံပင်ကခပ်တိုတို ၊ ပြီးတော့ ချောလဲချာသည်၊ မျက်မှန်လဲတပ်ထားသည်၊ ထိုလူ ပြောနေရင်း ဒီဘက်လှည့်လာတော့
မျက်လုံးပြူးသွားသည်။

  "မင်း ဘယ်သူလဲ ငါ့ကိုဘယ်နေရာခေါ်လာတာလဲ ပြောစမ်း "

ပြောရင်းနဲ့ ဒီဘက်လျှောက်လာကာ ပြောသည်။မျက်နှာကတော့ တည်တည်ကြီး၊ မျက်လုံးများ၏အကြည့်ဟာအေးစက်နေသည်။
   " ကျွန်တော်လဲမသိဘူးဗျ ကျွန်တော်လည်း အစ်ကို့လိုဘဲ ဒီနေရာကိုရုတ်တရက်ရောက်လာတဲ့ ဘာမှမသိသေးတဲ့သူလေးပါ"

တောက်!

‌ တောက်တစ်ချက်ခေါက်ပြီး ခါးထောက်ရင်းဟိုဘက်လှည့်သွားသည်။

  " ဒါနဲ့ အစ်ကို နာမည် မေးလို့ရလား "

  " မင်းဘာလုပ်မလို့လဲ "

  " တစ်ယောက်ကိုယ်တစ်ယောက်သိနေရင် မကောင်းဘူးလားလို့ ပြီးတော့ရင်းရင်းနှီးနှီးနေတာပိုကောင်းတယ် နောက်ဘာတွေ ဆက်ဖြစ်လာမလဲမသိဘူးလေ မဟုတ်ဘူးလား "

ပြောလိုက်ဝောာ့ ခါးထောက်ရင်း ဒီဘက်လှည့်လာသည် ၊ မျက်နှာကတော့ တည်တည်ကြီး အရီအပြုံးလဲမရှိ။

  " ဆက်မင်း "

  " ကျွန်တော်က သက်ပိုင်လင်း သက်ပိုင်လို့ခေါ်လို့ရတယ် "

" အစ်ကို့ကို ကိုဆက်မင်းလို့ခေါ် ရမလား ဒါမှမဟုတ် ဆက် လို့ ခေါ်ရမလား "

  " ခေါ်ချင်သလိုသာ‌ခေါ် "

ပြောပြီး ဟိုဘက်လှည့်သွားပြန်သည်၊ အမလေး ခပ်အေးအေးကြီးပါလား

Can we escape from death (သေခြင်းကနေလွတ်မြောက်နိုင်မလား)Ongoing (BL)Where stories live. Discover now