မန္တလာမြေမှစတဲ့ အချစ် Part-13(U&Z)

516 37 6
                                    

အချစ်စိတ်တွေလောင်ကျွမ်းကာ နှစ်ယောက်အတူတူ ချစ်ရည်လူးရင်းဖြတ်သန်းခဲ့ကြတာ ကြည်လင်နေတဲ့ မနက်ခင်းလေးမှာ နို့နှစ်ရောင်လေးလိုဖွေးဉနေတဲ့ အသားအရည်လေးနဲ့ ရှိုင်းလေးဟာ Vitaရဲ့ ဘယ်ဘက်လက်မောင်းအုံပေါ်ကို ခေါင်းအုံးရင်း ပင်ပန်းနွမ်းနယ်နေသောကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်နေတုန်းပေါ့။ Vita ဟာသူ့ရဲ့ဘေးနားမှာ နှစ်ခြိုက်စွားအိပ်ပျော်နေတဲ့ ရှိုင်းရဲ့ ပါးလေးတွေ ရှိုင်းရဲ့ နှုတ်ခမ်းလေးတွေ ဆံပင်လေးတွေကို ကြင်နာယုယစွာကိုင်ကြည့်နေပြီး သူ အူယားနေတာပေါ့။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ရှိုင်းရဲ့နဖူးလေးကို သူနှုတ်ခမ်းလေးနဲ့ နမ်းရှိုက်လိုက်ပြီး ရှိုင်း နိုးလာရင် အရံသင့်စားလို့ရအောင် မနက်စာပြင်ဆင်ဖို့ မီးဖိုချောင်ကို ဆင်းသွားလိုက်တာပေါ့။

Vita က မီးဖိုချောင်မှာ မနက်စာအတွက်ပြင်ဆင်ချက်ပြုတ်နေတုန်းမှာ အပေါ်ထပ်အိပ်ခန်းမှာကျန်နေခဲ့တဲ့ ရှိုင်းလေးက နိုးလာလာချင်းမှာပဲ ဘေးနားမှာမရှိတော့တဲ့ Vita ကိုအိပ်ချင်မူးတူးလေးနဲ့ ဘေးပတ်ပတ်လည်ကိုကြည့်ပြီးရှာနေတာပေါ့။ အဲ့အချိန်မှာ ရှိုင်းရဲ့ နှာခေါင်းမှာရလာတဲ့ အနံ့လေးကြောင့် Vita ရှိတဲ့တည်နေရာကိုသူသိသွားတာပေါ့။ ရှိုင်းလေးက မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးတာနဲ့ မီးဖိုချောင်မှာ အလုပ်ရှုပ်နေတဲ့ Vita အနားလေးကို သွားလိုက်ကာ အနောက်ကနေခါးလေးကို သိုင်းဖက်ထားပြီး ပုခုံးပေါ်ကို မေးလေးတင်ထားလိုက်တာပေါ့။

"ရှိုင်း နိုးပြီလား"

"အင်း Vita ဘာတွေချက်နေတာလဲ"

"ဘာ Vita လဲ"

"အော် မောင် ဘာတွေချက်နေတာလဲ မွှေးနေတာပဲ"

"ရှိုင်းလေးအတွက် မနက်စာပြင်ပေးမို့လေ၊ ကြက်ဉကြော်ရယ်၊ပေါင်မုန့်မီးကင်ရယ်၊ကြက်အူချောင်းကြော်ရယ်၊မှိုကြော်ရယ်ပြီးတော့ အသားပြားကြော်ရယ်၊ခေါက်ဆွဲပြုတ်ရယ် ပြီးတော့ လက်ဖက်ရည်နဲ့ ပဲအီကြာလဲဝယ်ထားပေးတယ်"

"မောင် အများကြီးပဲ ရှိုင်းကဘယ်လိုလုပ်ကုန်မှာလဲ"

"ရှိုင်း ကုန်သလောက်ပဲစားပေါ့ မောင်က ရှိုင်းကို မျာများစားစေချင်တာကြောင့် ချက်ပေးထားတာတွေပဲ ရှိုင်းစားချင်တာစား"

မန္တလာမြေမှစတဲ့ အချစ်Where stories live. Discover now